Bilateral Ceasefire Agreement ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် နှင့် တိုက်ပွဲများလျှော့ချရန် အပစ်အခတ် ရပ်ဆိုင်းခြင်းအား ယခုနှစ်ကုန်အထိ ရက်တိုးမြှင့်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ဖြစ်သည့် ကိုးကန့်အဖွဲ့ (MNDAA) ၊ တ အာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က စက်တင်ဘာ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် ပြည်တွင်းစစ် ရပ်တန့်ပြီး အပစ်အခတ်ရပ်ဆိုင်းရေးစာချုပ် (Bilateral Ceasefire Agreement) သဘောတူ လက်မှတ်ရေးထိုးနိုင်မည့် တွေ့ဆုံဆွေးနွေး ညှိနှိုင်း ရေးလုပ်ငန်းများကို လက်တွေ့ကျကျ၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်နှင့် လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ လျှော့ချနိုင်ရန်အတွက် တစ်ဖက်သတ်အပစ်အခတ် ရပ်ဆိုင်းခြင်းအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံကြေညာကြောင်း ဖော်ပြထားသည်။
၂၀၁၉ ခုနှစ် စက်တင်ဘာ ၉ ရက်မှ အောက်တိုဘာ ၈ ရက်အထိ တစ်လတာ အပစ်အခတ်ရပ်စဲခြင်းအား စက်တင်ဘာ ၉ ရက်တွင် ညီနောင်မဟာမိတ်သုံးဖွဲ့က ကြေညာထားခဲ့ပြီးဖြစ်သော်လည်း ယခုတစ်ကြိမ် တွင်မူ ၂၀၁၉ ခုနှစ် နှစ်ကုန်ဆုံးသည်အထိ ရက်ထပ်တိုးကာ ထပ်မံကြေညာခြင်းဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့ပြင် တပ်မတော်ဘက်က ဆန္ဒရှိပါက ပူးတွဲအပစ်အခတ်ရပ်စဲရန် အဆင်သင့်ရှိကြောင်း စက်တင်ဘာ ၂၀ ရက်တွင် အဆိုပါ သုံးဖွဲ့က မြန်မာ-အင်္ဂလိပ်-တရုတ် သုံးဘာသာဖြင့်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ကြေညာထားသည့် ကာလအတွင်း တပ်မတော်က ၎င်းတို့သုံးဖွဲ့အနက် တစ်ဖွဲ့ဖွဲ့အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း၊ ၎င်းတို့၏ တပ်စခန်း၊ လေ့ကျင့်ရေးစခန်းများကို တိုက်ခိုက်ခြင်း ၊ ၎င်းတို့၏ ဒေသတွင် စစ်ဆင်ရေးနှင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ တိုက်ပွဲများမရှိဘဲ လက်နက်ကြီးအ မြောက်အမြားဖြင့် စုပြုံပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ပါက ၎င်းတို့အနေဖြင့် ခုခံ ကာကွယ်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။
ထို့ပြင် စစ်သင်္ဘော၊ ရဟတ်ယာဉ်များ အပေါ်မှ ပစ်ခတ်တိုက်ခိုက်ခြင်းများ၊ စစ်ဘေး ရှောင်ပြည်သူလူထုများကို အကြောင်းအမျိုး မျိုးဖြင့် ရိက္ခာဖြတ်တောက်ခြင်းများ ပြုလုပ် လာမည်ဆိုပါက ခုခံကာကွယ်သွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်တွင်ဖော်ပြထား သည်။
ကချင်လက်နက်ကိုင်အဖွဲ့ (KIA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့တို့သည် အစိုးရနှင့် Bilateral Bilateral Ceasefire Agreement စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအ တွက် အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေ သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။
NRPC နှင့် အဆိုပါမြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်း တုံမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့တွေ့ဆုံရာ၌ NRPC ဘက်တွင် တပ်မတော်အဆင့်မြင့်အရာရှိကြီးများ ပါဝင်ခဲ့သကဲ့သို့ မြောက်ပိုင်းလေးဖွဲ့တွင်လည်း တပ် ပိုင်းဆိုင်ရာအကြီးအကဲများပါဝင်ခဲ့ပြီး ဆွေးနွေးပွဲတွင် Bilateral Ceasefire Agreement စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တိကျသည့်အဖြေမရရှိခဲ့ဘဲ အောက်တိုဘာတွင် ပြန်လည်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။















