လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၅ ဘီလျံနီးပါးရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၃၀ ကျော် ပိုမိုရရှိ

လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၅ ဘီလျံနီးပါးရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၄၃၀ ကျော် ပိုမိုရရှိ
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
မြန်မာ့ကမ်းလွန်ရှိ သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- MOEE)
Published 15 September 2019
ဇေယျာငြိမ်း



လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ဒေါ်လာ ၃ ဒသမ ၅ ဘီလျံနီးပါး ရရှိထားပြီး ယခင်နှစ် ကာလတူထက် ဒေါ်လာ သန်း ၄၃၀ ကျော်မိုပိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်ကနေ သြဂုတ် ၃၀ ရက်အထိ သဘာဝဓာတ်ငွေ့ တင်ပို့မှုကနေ ဒေါ်လာ ၃၄၉၄ ဒသမ ၇၃၂ သန်း (၃ ဒသမ ၄၉၄ ဘီလျံ) ရရှိထားပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်နှစ်ကာလတူတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၅၆ ဒသမ ၉၁၂ သန်း (သုံးဘီလျံကျော်) ရရှိထားသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ယခင်နှစ်ကာတူထက် ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှု အမေရိကန်ဒေါ်လာ ၄၃၇ ဒသမ ၈၂၀ သန်း ပိုမိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရသက်တမ်း တတိယ တစ်နှစ်တာအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ်ငန်းအနေဖြင့် ကုန်း တွင်းနှင့် ကမ်းလွန်ရှိ တွင်းပေါင်း ၈၆ ခုမှ စုစုပေါင်းရေနံစိမ်းစည် ၃ ဒသမ ၃၂ သန်းနှင့် သဘာဝဓာတ်ငွေ့ကုဗပေ သန်း ၆၂၃,၀၀၀ ကျော်အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉ ခုနှစ် မေ ၉ ရက် နေ ပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန$ပြုလုပ်သည့် နိုင်ငံတော်အစိုးရ ၏ ပြည်သူ့အတွက် တတိယ (၁) နှစ် တာကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြား ချက်များကို မေ ၁၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

တတိယတစ်နှစ်တာ ကာလအတွင်း မြန်မာ့ရေနံနှင့် သဘာဝလုပ် ငန်းက ကုန်းတွင်းပိုင်းတွင် ရှာဖွေ ရေးနှင့် ဖွံ့ဖြိုးရေးတွင်း ၂၃ တွင်းနှင့် ပူးပေါင်းကုမ္ပဏီများက ၁၇ တွင်း စုစုပေါင်း တွင်း ၄၀ တူးဖော်ခဲ့ပြီး ရေနံစိမ်းစည် ၂ ဒသမ ၃၁ သန်းနှင့် သဘာဝဓာတ်ငွေ့ ၁၉,၀၁၉ ကုဗပေ သန်း ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် နိုင်ငံတကာ ကုမ္ပဏီများမှ ကမ်းလွန်အပိုင်းတွင် ၄၆ တွင်း တူးဖော်ခဲ့ပြီး ရေနံ (လေဆီ) စည် ၁ ဒသမ ၀၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၀၄၈၁၈ သန်း ထုတ်လုပ်နိုင်ခြင်းဖြစ်သည်။

တတိယ တစ်နှစ်တာအတွင်း ကုန်းတွင်းနှင့် ကမ်းလွန်ရေနံစိမ်းစည် စုစုပေါင်း ၃ ဒသမ ၂ သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၆၂၃,၈၃၈ သန်းအထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

လစ်လပ်လျက်ရှိသော ကုန်းတွင်းပိုင်းလုပ်ကွက် ၁၈ ကွက်နှင့် ကမ်းလွန်လုပ်ကွက် ၁၅ ကွက်တို့အား ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးမြင့်ဆောင်ရွက်ရေးအတွက် အပြည်ပြည်ဆိုင်ရာ တင်ဒါခေါ်ယူမှုများကို မကြာမီ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကမ်းလွန် ၁၅ ကွက်တွင် A-2၊ AD-4၊ AD-10၊ AD-12၊ AD-13၊ AD-14၊ AD-15၊ AD-16၊ M-1၊ M-10၊ M-16၊ MD-1၊ MD-3၊ MD-6၊ MD-8 တို့ဖြစ်ကြောင်း Rakhine Investment Opportunity Survey တွင် ဖော်ပြထားသည်။

ကုန်းတွင်း ၁၈ ကွက်တွင် PSC-C2၊ PSC-J၊ PSC-L၊ PSC-M၊ PSC-S၊ PSC-T၊ PSC-U၊ PSC-V၊ RSF-2၊ RSF-3၊ RSF-4၊ RSF-7၊ RSF-10၊ IOR-3၊ IOR-4၊ MOGE-6၊ MOGE-7၊ MOGE-8 တို့ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ စုစုပေါင်း လုပ်ကွက် ၁၀၄ ကွက်ရှိပြီး ယင်းအနက် ကမ်းလွန်တွင် ၅၁ ကွက်နှင့် ကုန်းတွင်းတွင် ၅၃ ကွက်အထိရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

 

 

Most Read

Most Recent