ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အမျိုးသားနှင့် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်

ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်း အမျိုးသားနှင့် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်
Photos: EMG
Photos: EMG
Published 25 August 2019

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယင်းပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲသုံးမျိုး၊ အမျိုးသမီးပြိုင်ပွဲ နှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ၊ သုံးယောက်တွဲ ပြိုင်ပွဲ၊ သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲနှင့် သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အသင်းသည် ထိုင်းနိုင်ငံ၌ ကျင်းပမည့် (၃၄) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲကို သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီး သုံးယောက်တွဲပြိုင် ပွဲ၊ သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ များ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယင်းပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲသုံးမျိုး၊ အမျိုးသမီးပြိုင်ပွဲ နှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ၊ သုံးယောက်တွဲ ပြိုင်ပွဲ၊ သုံးယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲနှင့် သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြီးခဲ့သည့် (၁၈) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲပြီးကတည်းက နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ယခုမှသာ ပြန်လည်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာပိုက် ကျော်ခြင်းအသင်းသည် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး  ၁၈ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားအသင်းတွင် ကစားသမားသစ်များ ပါဝင်လာကာ လက်ရွေးစင်ဟောင်းအချို့သာ ပြန်လည်ရွေးချယ်ခံထားရသည်။ 

Most Read

Most Recent