ဂျာမန်ဖလား ဒုတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဂျာမန်ဖလား ဒုတိယအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 24 October 2017

ဒူဆယ်ဒေါ့ဖ် နှင့် မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ည ၁၁း၀၀ နာရီ)

မိုချန်ဂလာဘတ်ရဲ့ခြေစွမ်းကိုတော့ မှန်းဆရအတော်ခက် ပါတယ်။ ဘွန်ဒစ်လီဂါ-၂မှာ ဦးဆောင်နေတဲ့ ဒူဆယ်ဒေါ့ဖ်အသင်း မိနစ်(၉၀)အတွင်း ရှုံးဖို့မရှိပါဘူး။

လေဗာကူဆင် နှင့် ယူနီယံဘာလင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ည ၁၁း၀၀ နာရီ)

ယူနီယံဘာလင်အသင်းက ဘွန်ဒစ်လီဂါ-၂မှာ အဆင့်(၃) နေရာ ရပ်တည်နေတဲ့အသင်းပါ။ ရလဒ်တွေပြန်ကောင်းလာတဲ့ လေဗာကူဆင် ဂိုးပြတ်သွင်းဖို့များတယ်။

မက်ဒီဘတ် နှင့် ဒေါ့မွန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)

ဒေါ့မွန်အသင်း နိုင်ပွဲပြန်ရှာဖို့ လိုအပ်နေတယ်။ ဒီလိုပွဲမျိုး မှာ အသင်းရဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်သင့်ပါတယ်။ ဒေါ့မွန် ဂိုးပြတ်လိမ့်မယ်။

အခြားပွဲစဉ်များ

ပါဒါဘွန်း - ဘိုဟုန် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ည ၁၁း၀၀ နာရီ)

ဗိစ်ဘာအင် - ရှော်လ်ကေး (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ည ၁၁း၀၀ နာရီ)

ရှဝိုင်းဖတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)

မိန့်ဇ် - ဟော်စတိုင်ကီလ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)

ဂရိုင်သာဖက်သ် - အင်ဂိုးလ်စတက်ဒ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၅ နံနက် ၁း၁၅ နာရီ)

Most Read

Most Recent