မေ့မရသော အတိတ်ဖြစ်ရပ်များ

မေ့မရသော အတိတ်ဖြစ်ရပ်များ
Photo : AFP
Photo : AFP
Published 17 August 2019
မြတ်သစ်

                     ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော ဂရိနိုင်ငံနှင့် ခဲတစ်ပစ်စာအကွာအဝေး၌ ဘူဂေးရီးယားနိုင်ငံ Rhodope တောင်တန်း တည်ရှိသည်။ လှပသော တောင်တန်းများ ထဲတွင် Brashten ကျေးရွာလေးရှိသည်။ နယ်စပ်ရှိ ယင်းကျေးရွာလေး၌ လူသူအရိပ် အယောင်ကင်းမဲ့သည့် အခြေအနေမျိုးနှင့် ကြုံတွေ့နေရသည်။ မည်သို့ပင်ဖြစ်စေ အသက် ၈၂ နှစ်အရွယ်ရှိ ရှီဟင်ဆိုလာကော့သည် ယင်းကျေးရွာလေး၌ နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

သံမဏိကန့်လန့်ကာ ပျက်သုဉ်းခဲ့သည် မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အချို့ဆိုလျှင် အင်မတန်ဆိုးရွားသည့် အဖြစ် အပျက်များကို ယနေ့တိုင် အမှတ်တရရှိနေဆဲ ဖြစ်သည်။ သံမဏိကန့်လန့်ကာနှင့် ပတ်သက် ၍ အဖြစ်အပျက်အချို့ကို ဆိုလာကော့ သတိရနေဆဲ ဖြစ်သည်။

အရှေ့ဂျာမနီတွင် နေထိုင်သူ နှစ်ဦး သည် နယ်စပ်ကို ဖြတ်ကျော်ပြီး ဘူဂေးရီး ယားနိုင်ငံဘက်သို့ ဖြတ်ကူးရန် ကြိုးစားနေချိန် ၌ ယင်းအရှေ့ဂျာမနီနိုင်ငံသား နှစ်ဦးမှာ ဘူဂေးရီးယား လုံခြုံရေးတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ် မှုကြောင့် အသက် သေဆုံးခဲ့ရသည်။

သူတို့နှစ်ဦး၏ အလောင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မော်တော်ကားတစ်စီးပေါ်တင်ပြီး အမည်မသိသော အရပ်ဒေသတစ်ခုသို့ တင်ဆောင်သွားခဲ့သည်။ သမိုင်းပညာ ရှင်များက အရှေ့ဂျာမနီမှ ဘူဂေးရီးယား နိုင်ငံသို့ တရားမဝင် ခိုးဝင်သူများ သေနတ်ဖြင့် ပစ်ခတ်ခံရသူများ အရေအတွက် မည်၍မည်မျှရှိကြောင်း စာရင်းမဖော်ပြနိုင်ဟု ပြောဆို ကြသည်။

သို့သော် သမိုင်းအထောက်အထား ၂၁ ခုအရ အရှေ့ဂျာမနီမှနေ၍ ဘူဂေးရီးယား နိုင်ငံတွင်းသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက် ခဲ့သူများမှာ အမြောက်အမြားရှိနေကြောင်း နှင့် ဆိုလာကော့၏ အမှတ်သညာထဲတွင် စွဲထင်နေသည့် သေဆုံးသူ နှစ်ဦးအပါအဝင်  လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရသည်။

အနည်းဆုံး လူပေါင်း ၆၉၅ ဦးမှာမူ နယ်စပ်ဖြတ်ကျော်ပြီး ဘူဂေးရီးယားနိုင်ငံ အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ နယ် စပ်ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးပမ်းသူ ၁၅၀၀ ခန့်မှာ အခက်အခဲများနှင့် ရင်ဆိုင် ကြရပြီး သူတို့၏ အကြံအစည်များ မအောင် မြင်ခဲ့ကြပေ။

နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် ကြိုး ပမ်းနေသူတစ်ဦးဖြစ်သူ အသက် ၁၉ နှစ် အရွယ်ရှိ မိုက်ကယ်ဝီဘာမှာ ၁၉၈၉ ခုနှစ် ဇူလိုင်လတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။ ၁၉၈၃ ခုနှစ် စက်တင်ဘာလ တွင် အသက် ၁၉ နှစ်အရွယ်ရှိ အရှေ့ဂျာမနီ မှ ဖရန့်မိုင်ယာမှာ နယ်စပ်ဖြတ်ကျော်ရန် ကြိုး စားသော်လည်း မအောင်မြင်ခဲ့ပေ။

မိုင်ယာသည် အခြားသော အရှေ့ဂျာမနီ နိုင်ငံသားများကဲ့သို့ပင် လုံခြုံရေးအပြည့်အဝ ချထားသည့် နယ်စပ်ကိုဖြတ်ကျော်ပြီး ဘူဂေး ရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်း ခဲ့ကြသည်။ မိုင်ယာက လုံခြုံရေးတပ်ဖွဲ့ဝင် များအား အားလပ်ရက်တွင် ဘူဂေးရီးယား နိုင်ငံသို့ လည်ပတ်ရန် အကြောင်းပြခဲ့သည်။

သူသည် မိမိနေရပ်မှ ခုနစ်မိုင်ခန့်ဝေးသော Brashten သို့ လမ်းလျှောက်ပြီး သွား ရောက်ခဲ့သည်။ ညအမှောင် ကျရောက်သည့် အချိန်တွင် ကောင်းကင်မှ ကြယ်တာရာများ ကိုကြည့်ပြီး လမ်းကြောင်းကို ရွေးချယ်ခဲ့ရ သည်။ နောက်တစ်နေ့ နံနက်မှ နယ်စပ်သို့ ရောက်ရှိခဲ့သည်။ ဘူဂေးရီးယား နယ်စပ် တပ်ဖွဲ့ဝင်များက သူ့ကို တွေ့ရှိပြီးနောက် အရှေ့ဂျာမနီနိုင်ငံသို့ ပြန်လည် အပ်နှံခဲ့သည်။ အရှေ့ဂျာမနီရောက်သည့်အခါတွင် ထောက် လှမ်းရေးအဖွဲ့၏ စုံစမ်းစစ်ဆေးမေးမြန်းမှု များကို ခံခဲ့ရပြီး ထိန်းသိမ်းထားခြင်း ခံခဲ့ရ သည်။

မိုင်ယာအတွက် ကံကောင်းသည် ကတော့ အနောက်ဂျာမနီနိုင်ငံတွင် နေထိုင် သော ဆွေမျိုးသားချင်းများက သူ့ အကြောင်းကို သိရှိသွားပြီးနောက် အရှေ့ ဂျာမနီအာဏာပိုင်များထံ မိုင်ယာကို ပြန် လည်လွှတ်ပေးရန် ဖိအားပေးခဲ့သည်။ ယင်းသို့ဖြင့် မိုင်ယာသည် ထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်ခဲ့သလို အနောက်ဂျာမနီနိုင်ငံ သို့ လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။

အရှေ့ဂျာမနီမှ ဘူဂေးရီးယားနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းရာ၌ မအောင်မြင်သူများက မိမိတို့၏ ဖြစ်စဉ်ဖြစ်ရပ်များကို ပြန်ပြောင်းပြောဆိုခဲ့ကြသည်။ ဘူဂေးရီးယား အစိုးရ၏ ထုတ်ပြန်ချက်များသည် မှန်ကန်မှု မရှိကြောင်းကို သူတို့၏ ဖြစ်စဉ်များကို ပြန် ပြောင်းပြောဆိုခြင်းခဲ့ကြခြင်းဖြစ်သည်။

သမိုင်းပညာရှင်လည်းဖြစ် အရှေ့ဂျာမနီ နိုင်ငံမှနေ၍ ဘူဂေးရီးယားနိုင်ငံသို့ နယ်စပ် ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သူများ အကြောင်းကို စာအုပ်အဖြစ် ရေးသားသူ စတိုရန်ရိုင်ချက်စကီးက သေဆုံးသူများ၏ သတင်းအချက်အလက်များ ရရှိရန်မှာ အင်မတန်ခက်ခဲကြောင်း၊ အဘယ်ကြောင့်ဆို သော နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းစဉ် သေဆုံးသူများနှင့်ပတ်သက်၍ စနစ်တကျ ပြုစုထားသည့် မှတ်တမ်းမှတ်ရာများ မရှိကြောင်းကို ထုတ်ဖော်ပြောကြားခဲ့သည်။

အရှေ့ဂျာမနီ ထောက်လှမ်းရေးအဖွဲ့ တွင်ရှိနေသော မှတ်တမ်းမှတ်ရာ အချို့မှာ  အသုံးဝင်ကြောင်း  ရိုင်ချက်စကီးက ပြောကြားခဲ့သည်။ သို့သော် ဘူဂေးရီးယားနိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ရန် ကြိုးပမ်း သူများ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခြင်း မရှိ ကြပေ။ ဘူဂေးရီးယားအာဏာပိုင်များက ယင်းကိစ္စနှင့်ပတ်သက်၍ ရေငုံနှုတ်ပိတ်နေ ကြသည်။

မိမိနှင့်လုပ်ဖော်ကိုင်ဖက်များက အရှေ့ ဂျာမနီမှနေ၍ ဘူဂေးရီးယားနိုင်ငံတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြသူများသည် သူပုန်များ၊ ရာဇဝတ်သားများမဟုတ်ကြဘဲ သူတို့တစ်တွေသည် ဘဝလွတ်မြောက်ရေး အတွက် ကြိုးပမ်းနေကြသူများဖြစ်ကြောင်း အသိအမှတ်ပြုရန်လိုသည်ဟု ယူဆထား ကြသည်။

 

၁၉၈၉ ခုနှစ်အထိ နယ်စပ်လုံခြုံရေး တပ်ဖဲဲွ့တွင် ၂၆ နှစ်ကြာမျှ တာဝန်ထမ်းဆောင် ခဲ့သူ အသက် ၇၅ နှစ်အရွယ်ရှိ မီတိုဒီစလစ် ရှကော့က ဘူဂေးရီးယားနိုင်ငံ အနောက်ဘက် ရှိ  Kyustendil မြို့လေးမှာ ယခုအခါတွင် ဥရောပသမဂ္ဂအလံကို လွှင့်ထူထားသည် ဖြစ်သည်။ သူက ကွန်မြူနစ်နိုင်ငံတစ်ခုဖြစ် သည့် အရှေ့ဂျာမနီတွင် နေထိုင်သူများသည်  ကွန်မြူနစ်စနစ်၏ ဆိုးရွားမှုကို မခံနိုင်၍ ထွက်ပြေးပြီး ဘူဂေးရီးယားနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းအပေါ် အမြင်ကြည်လင်မှုများ မရှိခဲ့ပေ။

စလစ်ရှကော့သည် “နယ်စပ်တပ်ဖွဲ့ သူရဲကောင်းဆု” နှစ်ကြိမ်ရရှိထားသူဖြစ်သည်။ သူသည် နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသူ ၁၁ ဦးကို အောင်မြင်စွာ ဖမ်းဆီးနိုင် ခဲ့သူဖြစ်သည်။ သို့သော် သူဖမ်းဆီးခဲ့သည့် လူထဲတွင် ဘူဂေးရီးယားနိုင်ငံသားတစ်ဦး လည်း ပါဝင်ခဲ့သည်။

ကျွန်တော်တို့သည် နိုင်ငံလုံခြုံရေးကို ကာကွယ်မည်ဟု သစ္စာဆိုထားကြသူများဖြစ် သည်။ တစ်ချိန်တုန်းက ဘူဂေးရီးယားနယ်စပ် နှင့် အရှေ့ဂျာမနီနယ်စပ်တို့သည် လုံခြုံရေး များရှိနေခဲ့ပေမယ့် ယခုအခါ၌မူ စည်းရိုးမရှိ သော နယ်စပ်ဖြစ်နေသည်ဟု ပြောကြားခဲ့ သည်။

အရှေ့ဂျာမနီနိုင်ငံသား မိုင်ယာအနေ ဖြင့် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းစဉ်က တားမြစ်ခဲ့သူများအပေါ် စိတ်ထဲတွင် ခါးခါး သီးသီး မုန်းတီးမှုများ ဖြစ်ပေါ်ခဲ့သည်။ အကျဉ်းထောင်ထဲတွင် နေထိုင်ခဲ့စဉ် အချိန် ကာလတွင်မူ မိမိကို ဖမ်းဆီးခဲ့သော လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ကောင်းစွာနားလည် သဘောပေါက်မှုများ ရှိလာခဲ့သည်။ မိမိကို ဖမ်းဆီးခဲ့သူများ၊ ဘူဂေးရီးယားနိုင်ငံတွင်း၌ ရှိနေသူများအပေါ် ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှု များ မရှိကြောင်းနှင့် ဘူဂေးရီးယားနိုင်ငံသား များအနေဖြင့်လည်း သူတို့ကြီးပြင်းလာသော စနစ်၏ သားကောင်များဖြစ်နေသည်ကို မိမိ သဘောပေါက်ခဲ့ကြောင်း မိုင်ယာက ပြော ကြားခဲ့သည်။

Most Read

Most Recent