မြန်မာနိုင်ငံတော် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ထောင်နိုင်သည်အထိ လက်တွေ့ပါဝင် ဆောင်ရွက်သွားမည်ဟု (DKBA) စစ်ဦးစီးချုပ် ပြောကြား

မြန်မာနိုင်ငံတော် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ထောင်နိုင်သည်အထိ လက်တွေ့ပါဝင် ဆောင်ရွက်သွားမည်ဟု (DKBA) စစ်ဦးစီးချုပ် ပြောကြား
Published 1 August 2019
ကိုရွှေသိန်း

မြန်မာနိုင်ငံတော် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်သည်အထိ လက်တွေ့ပါဝင် ဆောင်ရွက်သွားမည်ဟု ကရင်ပြည်နယ် တောင်ဘက်စွန်း ဆုံစည်းမြိုင် အခြေချ ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်ရဲ့ ဆုံးဖြတ်ချက်ပေါ့လေ။ မြန်မာနိုင်ငံတော် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်တဲ့အထိ လက်တွေ့ပါဝင် ဆောင်ရွက်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ၃၄ နှစ်မြောက် (DKBA) နှစ်ပတ်လည်နေ့ အခမ်းအနားမှာလည်း ပြောကြားခဲ့သလို ရှေ့ဆက်ပြီးတော့ ဒီကနေ့ကစပြီး ရှေ့ဆက်ပြီးတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ ဆက်သွားပါမယ်” ဟု ကရင့်အမျိုးသားတပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ပြောကြားခဲ့သည်။

ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော်  စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီးစောမိုရှေးက ၂၀၁၉ ခုနှစ်ဩသြဂုတ် ၁ ရက် တွင် ပြုလုပ်သည့် ၎င်းင်း၏ ၅၁ နှစ်ပြည့် မွေးနေ့ တွင် မွေးနေ့အမှတ်တရစကားအဖြစ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသားတပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက “ငြိမ်းချမ်းရေးကို တည်ထောင်တဲ့ နိုင်ငံတိုင်းမှာ အခက်အခဲတော့ ရှိမှာပါ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ တစ်ထေရာတည်းလည်း မတူနိုင်ဘူး။ အခုလက်ရှိကတော့  ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လူမျိုးတိုင်း၊ လက်နက်ကိုင်အဖွဲ ့အစည်း၊ တပ်မတော်၊ အစိုးရ၊ NCA မထိုးနိုင်သေးတဲ့ အပေါ်မှာ အခက်အခဲတော့ ဖြစ်လာဦးမယ်လို့တော့ ယူဆပါတယ်” ဟုလည်း ၎င်း၏ အယူအဆကို ဖြည့်စွက် ပြောကြားခဲ့သည်။

ဒီမိုကရေစီအကျိုးပြု ကရင့်အမျိုးသား တပ်မတော်သည် KNU မှ ခွဲထွက်လာသော ကရင့်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။ KNU ကရင်အမျိုးသား အစည်းအရုံးမှ ခွဲထွက်ပြီး (DKBA) အဖြစ် ရပ်တည်လာခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် BGF နယ်ခြားစောင့်တပ်အသွင် ကူးပြောင်းသောအဖွဲ့ ရှိသလို (DKBA) အဖြစ် ရပ်တည်ခဲ့သောအဖွဲ့ကို ဦးဆောင်သူမှာ ဗိုလ်ချုပ်ကြီး စောလားဘွယ် ဖြစ်သည်။ ထို့နောက် ယခုအခါ (DKBA) စစ်ဦးစီးချုပ်မှာ အသက် ၅၁ နှစ် မွေးနေ့ပြုလုပ်သည့် ဗိုလ်ချုပ်ကြီး စောမိုရှေး ဖြစ်သည်။

ကရင်ပြည်နယ် မြဝတီမြို့၏ တောင်ဘက် (DKBA) တပ်စခန်း တည်ရှိရာ ဆုံစည်းမြိုင်ကျေးရွာတွင် ပြုလုပ်သည့် ကရင့်အမျိုးသားတပ်မတော်  (DKBA) စစ်ဦးစီးချုပ်၏ ၅၁ နှစ်ပြည့် မွေးနေ့ပွဲသို့ ရပ်နီးရပ်ဝေးမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ လက်နက်ကိုင်အဖွဲ့ အသီးသီးမှ အရာရှိကြီးများ၊ ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။        

Most Read

Most Recent