ယောဂဆိုသည်မှာ ( ၃ )

ယောဂဆိုသည်မှာ ( ၃ )
Published 20 June 2019
ဒေါက်တာသိန်းမြင့်

အပြည်ပြည်ဆိုင်ရာ ယောဂနေ့

ဇွန် ၂၁ ရက်ဟာ ငါးကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ယောဂနေ့ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံက နှစ်စဉ် ဇွန် ၂ ၁ ရက်ကို ‘အပြည်ပြည်ဆိုင်ရာယောဂနေ့’ (International Day of Yoga)  အဖြစ် သတ်မှတ်ကြောင်း ကြေညာချက်ထုတ်ပါတယ်။ ဒီ နှစ် အပြည်ပြည်ဆိုင်ရာယောဂနေ့ ရဲ့ အဓိက ရည်ရွယ်ချက်က Climate  Action’ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုဟာ ကျွနု်ပ်တို့ မျိုးဆက်တွေအတွက် ဒုက္ခပေးတဲ့အရာဖြစ်နေလို့ ရာသီဥတုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ညှိ နှိုင်းဆွေးနွေး၊ ငြင်းခုံပြီး အဖြေရှာကြရမှာ ဖြစ်ပါတယ်။

 

ပရာဏယောဂ

ပရာဏယောဂဟာ ယောဂဆိုင်ရာ အင်္ဂါ ရှစ်ခုအနက် စတုတ္ထမြောက်ဖြစ်ပါတယ်။ ယမယောဂနဲ့ နိယမ ယောဂ အကျင့်ကောင်းတွေ တည်ဆောက်ပြီးတဲ့အခါ အာသနယောဂနဲ့အတူ ပရာဏယောဂကို အတူတွဲဖက်ပြီး လုပ်ဆောင်ရမှာဖြစ်တယ်။ ကိုယ်တွင်းရှိ အဆိပ်များ ထုတ်ပယ်မှုနဲ့အတူ ကိုယ်တွင်းသို့ ပရာဏအင်အားခေါ် အသက်ရှင်သန်မှုအတွက် အရေးပါတဲ့အင်အားတွေ သွင်းရာမှာ ပရာဏယောဂဟာ အရေးပါလှပါတယ်။ အာသနယောဂနဲ့ ပရာဏယောဂကို တွဲဖက်လုပ်ဆောင်ပြီး ကျန်းမာရေးအကျိုးကျေးဇူး ရလဒ်တွေ ရရှိအောင် လုပ်ဆောင်နေကြတာလည်း တွေ့ရှိရပါတယ်။ ယောဂအင်္ဂါ ရှစ်ခုအနက် အထက်ပါ ယောဂလေးမျိုးကို စနစ်တကျ လေ့ကျင့်လုပ်ဆောင်ပြီးပါက ကိုယ်ခန္ဓာနဲ့ စိတ်ကျန်းမာရေး အထူးတိုးတက်ကောင်းမွန်လာတာကို ကိုယ်တိုင်တွေ့ကြုံခံစားလာရမှာ ဧကန်ဖြစ်ပါတယ်။

 

ပရာဏယာမ

အသက်ရှူစွမ်းအားကို ဖွံ့ဖြိုးစေခြင်း

ကျွနု်ပ်တို့အားလုံးဟာ ဘဝမှာ စွမ်းအင် ပိုမိုရရှိရန် ရှာဖွေနေကြပါတယ်။ ဒါပေမဲ့ တခြားသူတွေလို စိတ်လှုပ်ရှားခြင်းဆိုင်ရာ လိုအပ်မှုတွေကိုရှာဖွေလျက် အပြင်ပိုင်းအခြေအနေကိုသာ အစဉ်အမြဲကြည့်ရှုနေကြပါ တယ်။ ယောဂဆရာတွေဟာ အပြင်ဘက်ပိုင်းရှိ တစ်စုံတစ်ဦးထံမှလက်ခံရန်မလိုအပ်ဘဲ ကျွနု်ပ်တို့ရှိ ကိုယ်တွင်းပိုင်းစွမ်းအင်ကိုသာ မည်ကဲ့သို့ ပိုမိုတည်ဆောက်ရမည်ကို သင်ကြားပေးကြပါတယ်။ အဲဒါဟာ အပြင် ပိုင်းစွမ်းအင်လိုအပ်မှုမှ ကျွနု်ပ်တို့ကို ကင်းလွတ်စေပြီး အတိုင်းအဆမရှိသော အတွင်းပိုင်းစွမ်းအင် အစစ်အမှန် ပျော်ရွှင်မှုကို ဆွဲထုတ်ရရှိနိုင်ရန် ခွဲဝေပေးပါတယ်။

‘ပရာဏ’ဟာ ဘဝစွမ်းအားအတွက် အတိုင်းအဆမရှိ၊ မပင်မပန်းဆောင်ရွက်နိုင်တဲ့ အသက်ရှူခြင်းမှတစ်ဆင့် ကမ္ဘာအနှံ့သို့ ဆက်သွယ်ရာတွင် အသုံးပြုသော ယောဂဆိုင်ရာ ဘာသာစကားဖြစ်ပါတယ်။ ကိုယ်ခန္ဓာနဲ့ စိတ်နှစ်ခုလုံး လုပ်ငန်းလုပ်ဆောင်စေနိုင်တဲ့ အသက်ရှင်မှုဆိုင်ရာ စွမ်းအင်ဖြစ်တဲ့ ယောဂဆိုင်ရာ အသက်ရှူလေ့ကျင့်ခန်းတွေဟာ ပရာဏဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ၎င်းဟာ ပရာဏယာမရဲ့ အဓိကအချက် ဖြစ်ပါတယ်။

ပရာဏဟာ ယောဂရဲ့အင်အားအတွင်းပိုင်း လုပ်ငန်းက ထုတ်ဖော်ထားတဲ့ ပရာဏ (သို့မဟုတ်) အတွင်းဘဝအားမှ တစ်ဆင့် လာခြင်းဖြစ်ပါတယ်။ ယောဂဟာ ပုဂ္ဂိုလ်ရေး အားထုတ်မှု သက်သက်သာမကဘဲ  စကြဝဠာအတွင်းရှိ စွမ်းအားတွေရွေ့လျားခြင်းလည်း ဖြစ်ပါတယ်။ အသက်ရှူခြင်းဟာ အသက်ရှင်ရန်အတွက်သာမကဘဲ လေထုနဲ့အတိုင်းအဆမရှိ ကျယ်ပြန့်ခြင်းကို ညွှန်ပြတဲ့ကြီးမားတဲ့ ပုံစံမရှိ အမှန်တရားနဲ့ ကျွနု်ပ်တို့ကို ဆက်သွယ်ခြင်းပင်ဖြစ်တယ်။ ဘဝမှာ အရေးကြီး အားထုတ်မှုပြုလုပ်တဲ့အခါ သက်ပြင်းရှိုက်ရှူခြင်းကို ပထမဆုံးအမြဲလုပ်လေ့ရှိကြောင်း မှတ်သားဖူးကြမှာ ဖြစ်တယ်။

တစ်ဦးတစ်ယောက်ဟာ မြင့်မြတ်တဲ့ ယောဂလေ့ကျင့်မှုတွေအတွက် ပရာဏယာ မဆိုတဲ့ယောဂပုံစံအသက်ရှိုက်ရှူခြင်းကို ပံ့ပိုးမှုပေးတဲ့ စိတ်နဲ့ သတိတရားရရှိရန်ပရာဏဖြစ်တဲ့ စွမ်းအင်တွေကို လိုအပ်ပါတယ်။ ကျွနု်ပ်တို့ဟာ ရုပ်ခန္ဓာကျန်းမာရေးအတွက် တိုးမြင့်လာတဲ့ ပရာဏကို အသုံးပြုနိုင်သလို အဲဒီပရာဏကဘဝမှာ အမှန်လိုအပ်တဲ့ပြီး မြောက်မှုတွေရရှိရန်လည်း ကူညီနိုင်ပါတယ်။

ပရာဏဟာ ရုပ်ခန္ဓာနဲ့ နူးညံ့တဲ့ စွမ်းအင်ခန္ဓာ နှစ်မျိုးစလုံးနဲ့ သက်ဆိုင်တဲ့ နဒီနဲ့ ချက္ကရလမ်းကြောင်းတွေနဲ့ မည်ကဲ့သို့ဆက်စပ်မှုရှိကြောင်း အပါအဝင် ယောဂဆိုင်ရာသင်ကြားမှု အားလုံးအတွက် အရေးကြီးတဲ့အပိုင်းဖြစ်တယ်။ ရိုးရာယောဂအလေ့အကျင့်မှာပရာဏထုတ်လုပ်မှုအတွက် ယာဉ်တစ်ခုအဖြစ် မှတ်ယူထားတဲ့ အာသနထက်ပိုမိုအလေးထားအား ထုတ်အပ်တဲ့ ပရာဏပေါ်တွင် အခြေခံ ထားပါတယ်။ကျွနု်ပ်တို့ဟာ အလိုအလျောက် အသက်ရှူနိုင်တဲ့အတွက်ကြောင့် အသက်ရှူခြင်းဟာ ကျွနု်ပ်တို့ ကိုယ်ခန္ဓာနဲ့ လုပ်ငန်းတွေကြားမှာ တစ်မူထူးခြားလျက်ရှိပါတယ်။ကျွနု်ပ်တို့ကိုယ်ခန္ဓာဟာ လေ့ကျင့်ခန်းလုပ်နိုင်သလို အသက်ရှူလေ့ကျင့်ခန်းကိုလည်း လုပ်နိုင်ပါတယ်။ အဲဒီလုပ်ငန်းစဉ်ကြောင့် ကျွနု်ပ်တို့ ဟာအသက်ရှူလမ်းကြောင်းတစ်ခုလုံးနဲ့စွမ်းအင် နယ်ပယ်တစ်ခုလုံးကို အတူတကွ အလုပ်လုပ်စေနိုင်ပါတယ်။

ပရာဏယောဂဟာ ယောဂဆိုင်ရာ အင်္ဂါ ရှစ်ခုအနက် စတုတ္ထမြောက်ဖြစ်ပါတယ်။ ယမယောဂနဲ့ နိယမ ယောဂ အကျင့်ကောင်းတွေ တည်ဆောက်ပြီးတဲ့အခါ အာသနယောဂနဲ့အတူ ပရာဏယောဂကို အတူတွဲဖက်ပြီး လုပ်ဆောင်ရမှာဖြစ်တယ်။ ကိုယ်တွင်းရှိ အဆိပ်များ ထုတ်ပယ်မှုနဲ့အတူ ကိုယ်တွင်းသို့ ပရာဏအင်အားခေါ် အသက်ရှင်သန်မှုအတွက် အရေးပါတဲ့အင်အားတွေ သွင်းရာမှာ ပရာဏယောဂဟာ အရေးပါ . . . . .

 

အရေးကြီးသော ပရာဏယာမနည်းလမ်းများ

ရှေးရိုးယောဂမှာ အရေးကြီးပြီး စွမ်းအားရှိတဲ့ ပရာဏယာမနည်းလမ်းတွေရှိပါတယ်။ ၎င်းကို ထိုင်လျက်အနေအထားမှာ ပုံမှန်ပြုလုပ်လေ့ရှိကြပေမဲ့ တခြားနေထိုင်မှုပုံစံတွေမှာလည်း ပြုလုပ်နိုင်ကြပါတယ်။

ပရာဏယာမရဲ့ ယောဂပုံစံအားလုံးမှာ ဝမ်းဗိုက် (သို့မဟုတ်) ခါးရိုးအဆုံးမှာ အသက်ရှူခြင်းကို အခြေပြုသင့်တယ်။ ၎င်းဟာ ကိုယ် ခန္ဓာတစ်ခုလုံး ပါဝင်တဲ့အသက်ရှူခြင်းကို ပြုလုပ်စေပါတယ်။ ယောဂအသက်ရှူခြင်းမှာ အသက်ကို ဆွဲ၍ရှူခြင်းအပေါ် အမြဲ အခြေခံထားပါတယ်။ အဲဒီလိုပြုလုပ်ပါက လည် ချောင်းနောက်ဘက်မှာ အသံတစ်ခုကြားနိုင်ပါတယ်။ တခြားယောဂနည်းလမ်းမှာ အသက်ကို မြန်မြန်ရှူရှိုက်ခြင်းဖြစ်တယ်။ ၎င်းမှာ နှာခေါင်းပေါက်မှတစ်ဆင့် ပြင်းစွာ အသက်ရှူခြင်းနဲ့ ရှူထုတ်ခြင်းပါဝင်ပါတယ်။ ဦးခေါင်းခွံရှိ နှာခေါင်းဘေးနှစ်ဖက်မှ အရိုးပွတွေ ပွင့်စေပြီး ဦးနှောက်နဲ့အာရုံခံစားမှုတွေကို လှုံ့ဆော်ပေးပါတယ်။ ပါးစပ်နဲ့အသက်ရှူတဲ့ တချို့ ပရာဏယာမဟာ ပကတိအခြေအနေမှာ အေးပြီးငြိမ်သက်စေပါတယ်။ လျှာကို လိပ်၍ပါးစပ်မှတစ်ဆင့် အသက်ကို ရှူထုတ် ပါတယ်။

လူသိများပြီး အသုံးများတဲ့ ပရာဏ ယာမဟာ နှာခေါင်းတစ်ဖက်စီပိတ်၍ အသက်ရှူခြင်းဖြစ်တယ်။ အဲဒါကို သက္ကတဘာသာနဲ့ နဒီသောဓနလို့ခေါ်ပြီး အာရုံကြောအဖွဲ့အစည်း နဲ့ နူးညံ့တဲ့ကိုယ်ခန္ဓာရှိ လမ်းကြောင်းတွေကို သန့်စင်စေနိုင်ပါတယ်။ ရှေးယခင်ကပင် ယောဂီတွေဟာ ညာနဲ့ဘယ်၊ မိန်းမနဲ့ ယောက်ျား၊ ကိုယ်ခန္ဓာရှိ မီးနဲ့ ရေတို့ရဲ့ စွမ်းအင်တွေရဲ့ မျှခြေကို နားလည်ပြီးဖြစ်တယ်။ သူတို့ဟာ ၎င်းင်းတို့ မျှတမှုဖြစ်စေရန် အသက်ရှူခြင်း အသုံးပြုနည်းကို သင်ယူကြပြီး နှာခေါင်းတစ်ဖက်ကို ပိတ်၍ အသက်ရှူသွင်းခြင်း၊ အသက်ရှူထုတ်ခြင်း ပြုလုပ်ပါတယ်။ အဲဒီနောက် တခြားတစ်ဖက်ကို ပြောင်း၍ပရာဏမျှတမှု ဖြစ်ပြီးလျှင်ပြီးချင်း ၎င်းဟာ ကျွနု်ပ်တို့အတွက် စွမ်းအင်မြင်ကွင်းသစ်ပွင့်စေလျက် မြင့်မားတဲ့ အဆင့်သို့ ရောက်ရှိစေပြီးကြီးမားတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်စေနိုင်ပါတယ်။

အဲဒီ ပရာဏယာမပုံစံတွေဟာ နူးညံ့သိမ်မွေ့ပြီး မှန်ကန်စွာပြုလုပ်ရန် လိုအပ်တဲ့အတွက် ယောဂဆရာတစ်ယောက်ရဲ့ လမ်းညွှန်ပြသမှုနဲ့ လုပ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါတယ်။ ကျွနု်ပ်တို့အားလုံးဟာ တစ်ရက်လျှင် အနည်းဆုံးမိနစ် ၃၀ လေ့ကျင့်ခြင်းဖြင့် ပရာဏယာမလေ့ကျင့်မှု အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။ အထူးသဖြင့် နံနက်ပိုင်းတွင် ပြုလုပ်ပါက စွမ်းအင်ကို ပွင့်ထွက်စေပြီး စိတ်နဲ့ အာရုံခံစားမှုတွေကို လှုံ့ဆော်စေနိုင်ပါတယ်။

 

ပရာဏ၊ အသံနဲ့ မန္တရ

အသက်ရှူထုတ်ခြင်းကို အသုံးပြုဖြစ် ပေါ်လာတဲ့စကားကို ယောဂဆိုင်ရာစာအုပ်တွေမှာ ပရာဏအဖြစ် ဖော်ပြကြပါတယ်။ ရှုသွင်းခြင်းမှရရှိတဲ့ ပရာဏကို မပေါ်လွင်သော မူလအသံအဖြစ် မှတ်ယူကြပါတယ်။

၎င်းဆက်စပ်မှုကြောင့် ပရာဏယာမနဲ့ မန္တရကို ပရာဏနဲ့စကားသံဆက်သွယ်ရန် မကြာခဏ အသုံးပြုပြီး စကားသံမှ တစ်ဆင့်ပရာဏနဲ့စိတ်ကို ဆက်စပ်ယူပါတယ်။ ညင်သာစွာနဲ့ ရှိုက်၍အသက်ရှူပါ။ စိတ်ထဲမှနေ၍မန္တရအသံ ‘ဥုံ’ ကို ထပ်ကာထပ်ကာရွတ်ပါ။ မီးညှောင့်ရိုးအခြေမှ ဦးခေါင်းထိပ်သို့ သင့်ရဲ့စွမ်းအင် တွေ ရွေ့သွားတဲ့ လမ်းကြောင်းကို ခံစားပါ။ မန္တရအသံ ‘ဥုံ’ ကို စိတ်ထဲမှနေ၍  ထပ်မံရေရွတ်ပါ။ စကားပြောခြင်း သို့မဟုတ် လှုပ်ရှားခြင်းဖြင့် ဖော်ပြနိုင်တဲ့ စွမ်းရည်နဲ့အတူ သင့်ရဲ့ စွမ်းရည် ရှေ့သို့ရွေ့လျားသည်ကိုခံစားပါ။ ၎င်းအလေ့အကျင့်ဟာ မန္တရနဲ့ အသက်ရှူခြင်း မည်ကဲ့သို့အတူတကွ လုပ်ဆောင်တာကို ခံစားသိရှိနိုင်မှာဖြစ်တယ်။

အသက်ရှူခြင်းမှာ သဘာဝအားဖြင့် ‘ရှူး၊ ရှဲ’ ဆိုတဲ့ အသံမြည်လေ့ရှိပါတယ်။ တခြား ပရာဏယာမနည်းမှာ အသက်ရှူသွင်းတဲ့အခါ ထွက်ပေါ်လာတဲ့ ‘ရှူး’ ဆိုသော သဘာဝအသံကို နားထောင်ကြပါတယ်။ အဲဒါကြောင့် သဘာဝအားဖြင့် အသက်ကို ပြင်းပြင်းရှူသွင်းရှိုက်ထုတ်ရာမှာ ‘ရှဲ’ ဆိုသော အသံကိုကြားရမှာ ဖြစ်တယ်။ အဲဒီနည်းအားဖြင့် စိတ်၊ စကားသံနဲ့ ပရာဏတို့ဟာ မြင့်မားတဲ့ စည်းချက်နဲ့အတူ အလိုအလျောက် အသံတွေ ထွက်ပေါ်နေမှာ ဖြစ်တယ်။ သင့်အနေနဲ့ ပရာဏယာမကို အဲဒီလို သဘာဝအတိုင်း ပေါ်ထွက်လာတဲ့ အသက်ရှူ ခြင်းအသံနဲ့ လေ့ကျင့်နိုင်ပါတယ်။

 

ပရာဏယာမနဲ့ တရားထိုင်ခြင်း

တရားမှန်မှန် ထိုင်နိုင်ရန် ပရာဏယာမရဲ့ အာရုံစူးစိုက်မှုနဲ့ ထောက်ပံ့၊ အာရုံစိုက်ထားတဲ့ စိတ်အခြေခံတစ်ခုလိုအပ်ပါတယ်။ ကျွနု်ပ်တို့ဟာ ပရာဏယာမကြောင့်  စိတ်တည်ငြိမ်နေစဉ် လိုအပ်တဲ့ထပ်ပေါင်းစွမ်းအားကို ဖန်တီးရေးအတွက် အတွင်းဘက်သို့ ဆွဲသွင်းသော စွမ်းအင်ကို အာရုံစူးစိုက်ထားရမှာ ဖြစ်တယ်။ ကျွနု်ပ်တို့ဟာ ကျွနု်ပ်တို့ရဲ့ စိတ်ကိုသာမက ကျွနု်ပ်တို့ရဲ့ ပရာဏ ကိုလည်းတွေးတောရပါမယ်။ ဘဝအင်အား၊ စိတ်လှုပ်ရှားခြင်း၊ အလိုဆန္ဒ၊ ရည်ရွယ်ချက်ရှိရှိပြုလုပ်ခြင်း၊ ခိုင်မြဲတဲ့ စိတ်ရှိခြင်းတို့ဟာ ပရာဏရဲ့စွမ်းအား တွေသာဖြစ်တယ်။ ပရာဏကို တရားထိုင်ခြင်းသို့ ပို၍ ယူဆောင်ပါကပို၍ နက်နက်ရှိုင်းရှိုင်း ပြုလုပ်နိုင်ပြီး အတွင်းပိုင်း ပြောင်းလဲမှုစွမ်းရည်ဟာလည်း ကြီးမားလာမှာဖြစ်တယ်။

 

ပရာဏ ယောဂ

ပရာဏယာမ လေ့ကျင့်နေစဉ်အတွင်း သင်ဟာ ပရာဏနဲ့ စကြဝဠာ ဘဝအင်အားတို့ပေါင်းစပ်ထားသူ ယောဂီတစ်ဦး ဖြစ်နေပါတယ်။ အသက်ရှူခြင်းနဲ့ စိတ်ဟာ ငှက်တစ်ကောင်ရဲ့ တောင်ပံနှစ်ဖက်လို ဆက်စပ်လျက် ရှိတယ်။ အသက်ရှူခြင်းဟာ ကျွနု်ပ်တို့အတွေးနဲ့ စိတ်လှုပ်ရှားမှုတွေကို ရောင်ပြန်ဟပ်လျက် ရှိတယ်။ စိတ်ကို နှောင့်ယှက်ခံရတဲ့အခါ အသက်ရှူခြင်းကိုလည်း နှောင့်ယှက်ခံရသလို ဖြစ်ပြီး အသက်ရှူမှုကိုနှောင့်ယှက်တဲ့ အခါ၌လည်း စိတ်ကို နှောင့်ယှက်ခံရလေ့ရှိပါတယ်။ ဥပမာအားဖြင့် ကြောက်ရွံ့မှုတွေဖြစ်လာပါက အသက်ရှူရန် မေ့သွားတတ်ပါတယ်။စိတ် ဆိုးလာပါက အသက်ရှူရန် ခက်ခဲလာတတ်ပါတယ်။ ကျွနု်ပ်တို့ဟာ ငြိမ်းချမ်းပြီး ကောင်းစွာ အသက်ရှူနိုင်တဲ့အခါ ကျွနု်ပ်တို့ရဲ့စိတ်နဲ့ စိတ် လှုပ်ရှားဖိစီးမှုဟာ အဲဒီလုပ်ငန်းစဉ်နဲ့အတူပြေ လျော့သွားတတ်ပါတယ်။ ပရာဏယောဂမှ တစ်ဆင့် သင်ရဲ့ပြဿနာတွေ လွင့်စဉ်စေရန် အသက်ရှူခြင်းကို သင်ယူနိုင်ပါတယ်။ သင်ရဲ့ စိတ်မှာ စိတ်လှုပ်ရှားမှုခံစားရပါက အသက်ရှူခြင်းမှတစ်ဆင့် စွမ်းအင်ကို စုဆောင်းခံရပြီးအသက်ရှူထုတ်တဲ့အခါ အနုတ်လက္ခဏာ စိတ်လှုပ်ရှားမှုကို ပြန်လည်ထုတ်လွှတ်ပေးပါတယ်။

 

Most Read

Most Recent