ရုရှား နှင့် အီရန် (မြန်မာစံတော်ချိန် ည ၁၀း၃၀ နာရီ)
ရုရှားက ကမ္ဘာ့ဖလားပြိုင်ပွဲအကြို အသင်းလိုက်ယုံကြည် မှုတည်ဆောက်နိုင်ဖို့အတွက် ခြေစမ်းပွဲတွေမှာလည်း အမှားခံ မယ့်ပုံမရှိတော့ဘူး။ အခု ရုရှားတွေ့ဆုံမယ့်ပြိုင်ဘက် အီရန်က တောင်ကိုရီးယားအသင်းထက် အသင်းလိုက်စုဖွဲ့မှုကောင်း တယ်။ မမျှော်လင့်တာတွေလည်း လုပ်နိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ အိမ်ရှင် ရုရှားပဲ နိုင်ပွဲဆက်ဖို့များတယ်။
တောင်ကိုရီးယား နှင့် မော်ရိုကို (မြန်မာစံတော်ချိန် ည ၈း၀၀ နာရီ)
နှစ်သင်းအနေအထားချင်းယှဉ်ရင်တော့ ကွာဟချက်သိပ် မရှိပါဘူး။ ဒါပေမဲ့ တပ်ပျက်နေတဲ့ တောင်ကိုရီးယားအသင်းထက် မော်ရိုကိုကတောင် စုစည်းမှုပိုကောင်းနေပါတယ်။ ကြားကွင်းမှာ ကစားရမှာဖြစ်လို့ (၂)သင်းစလုံး အိမ်ကွင်းအားသာချက်မရှိပေ မယ့် မော်ရိုကိုအသင်း ပွဲပိုပန်းနေတာတော့ ထည့်တွက်ရမယ်။ တောင်ကိုရီးယား အနိမ့်ဆုံးသရေကစားမယ်။
ဂျပန် နှင့် ဟေတီ (မြန်မာစံတော်ချိန် ညနေ ၅း၀၀ နာရီ)
ဂျပန်အသင်း ခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းကို ဆက် ထိန်းထားနိုင်ဆဲဖြစ်ပေမယ့် နောက်ပိုင်းပွဲတွေမှာ မျှော်လင့်သ လိုဖြစ်မလာတာက ပိုများပါတယ်။ ဒါပေမဲ့ အခုတွေ့ဆုံခြေစမ်း မယ့် ဟေတီက ဂျပန်အသင်းနဲ့ယှဉ်ရင် အဆင့်အတန်းချင်းများ စွာကွာပါတယ်။ ဂျပန် ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကွင်းမှာ ဂိုးပြတ် သွင်းလိမ့်မယ်။