ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်

ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်) ပွဲကြိုသုံးသပ်ချက်
Published 10 October 2017

Photo: Wikipedia

ဘရာဇီးလ် နှင့် ချီလီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၆း၀၀ နာရီ)

ခြေစစ်ပွဲအောင်ပြီးသား ဘရာဇီးလ်အသင်းနည်းပြ ထိထီရဲ့ပွဲထွက် Line-up က အပြောင်းအလဲမရှိတဲ့အထိ အတော်လေး အံ့အားသင့်စရာကောင်းနေတယ်။ အမှတ်မလိုတော့ပေမယ့် ဘရာဇီးလ်က အကောင်းဆုံးလူစာရင်းနဲ့ပဲ ပြိုင်ဘက်တွေကို ရင်ဆိုင်နေတာပါ။ ဒီပွဲလည်း အိမ်ကွင်းလည်းဖြစ်၊ နောက်ဆုံးပွဲလည်းဖြစ်လို့ ထိထီအနေနဲ့ အမာခံကစားသမားတွေကိုပဲ ထုတ်သုံး သွားဖို့များတယ်။ ဒါကတော့ နိုင်ပွဲလိုအပ်နေတဲ့ ချီလီအသင်းအတွက် ကံဆိုးတာပါပဲ။ ချီလီတိုက်စစ်က အလက်ဆစ်ဆန်းချက်ဇ်၊ ဗားဂတ်စ်တို့ ဂိုးပေါက်ပြန်တွေ့ြ့ပီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်တာက အားတက်စရာပါပဲ။ ကျန်တဲ့အပိုင်းမှာတော့ ချီလီအသင်း မှာ အားနည်းချက်အနည်းငယ်ရှိနေသေးတယ်။ လက်ရှိပုံစံနဲ့ အထိုင်ကျပြီးသား ဘရာဇီးလ်လိုအသင်းကို ယှဉ်နိုင်ဖို့ ခက်လိမ့်မယ်။ ချီလီအသင်းမျှော်လင့်သင့်တာက ဘရာဇီးလ်အသင်း လက်တွဲခေါ်၊ မခေါ် နိုင်ပါပဲ။ ဖြစ်နိုင်ခြေနည်းပေမယ့် ချီလီကိုပဲ အရဲစွန့် ရွေးချယ်ချင်တယ်။

အီကွေဒေါ နှင့် အာဂျင်တီးနား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၆း၀၀ နာရီ)

နည်းပြ ဆမ်ပါအိုလီလည်း မိခင်နိုင်ငံ အာဂျင်တီးနားလက် ရွေးစင်အသင်းကို ကိုင်တွယ်တော့မှ နာမည်ပါစပျက်လာတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ပုံကိုင်ပုံတွေကလည်း သိပ်မစွံပါဘူး။ အီကွေ ဒေါက ခြေစစ်ပွဲမျှော်လင့်ချက် အဆုံးသတ်ခဲ့ပြီးဖြစ်တဲ့အသင်း ပါ။ နောက်ဆုံးကစားခဲ့တဲ့ ခြေစစ်ပွဲ(၅)ပွဲဆက်တိုက် အရေးနိမ့် ထားခဲ့တယ်။ အီကွေဒေါ အမှတ်မလိုပေမယ့် အိမ်ကွင်းမှာ ဂိုးပြတ်မရှုံးအောင် ကစားသွားနိုင်တယ်။

ပီရူး နှင့် ကိုလံဘီယာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၆း၀၀ နာရီ)

ကိုလံဘီယာအသင်း အိမ်ကွင်းမှာ ပါရာဂွေးကို မထင်မှတ် ဘဲ ရှုံးခဲ့လို့ အတော်လေးအကျပ်ရိုက်သွားစေခဲ့တယ်။ ကမ္ဘာ့ ဖလားဝင်ခွင့်ကို အေးအေးဆေးဆေးရယူနိုင်မယ့် အခွင့်အရေး ကို လက်လွှတ်ခဲ့ရပြီး တခြားအသင်းတွေရဲ့အခြေအနေကိုပါ စောင့်ကြည့်ရတော့မယ်။ ပီရူးအသင်းကတော့ အရှိန်ကောင်း ကောင်းရနေတယ်။ ဒါပေမဲ့ အရှုံးခံလို့မဖြစ်တဲ့ ကိုလံဘီယာ အသင်းကိုပဲ ရွေးထားတာပိုကောင်းမယ်။

ဥရုဂွေး နှင့် ဘိုလစ်ဗီးယား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၆း၀၀ နာရီ)

ဥရုဂွေးအသင်း လိုအပ်နေတာ သရေ(၁)မှတ်ပါပဲ။ အနိုင် ကန်စရာလည်း မလိုဘူး။ ဒီလိုအနေအထားမှာ ဥရုဂွေးအသင်း ဘယ်လိုကစားသွားမလဲ သေချာစဉ်းစားရတော့မယ်။ ဘိုလစ်ဗီး ယားက ခြေစစ်ပွဲမအောင်တော့ပေမယ့် ပွဲတိုင်းကို ဖိဖိစီးစီးက စားနေတာတွေ့ရတယ်။ ဥရုဂွေး အိမ်ကွင်းဖြစ်ပေမယ့် ဂိုးပြတ် သွင်းဖို့မရှိပါဘူး။

ပါရာဂွေး နှင့် ဗင်နီဇွဲလား (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၁ နံနက် ၆း၀၀ နာရီ)

ပါရာဂွေးက လတ်တလောမှာ အိမ်ကွင်းထက် အဝေး ကွင်းပိုကောင်းနေတယ်။ ဒါပေမဲ့ ပါရာဂွေး နိုင်မှမျှော်လင့်ချက် ရှိမယ့်အနေအထားကို သတိပြုသင့်ပါတယ်။ သရေရလဒ်တွေ တောက်လျှောက်ရနေတဲ့ ဗင်နီဇွဲလား ဂိုးပြတ်မရှုံးအောင် ခံက စားသွားနိုင်တယ်။

Most Read

Most Recent