ယနေ့ညနှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား (ဥရောပဇုန်) ခြေစစ်ပွဲစဉ်များ

ယနေ့ညနှင့် မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလား (ဥရောပဇုန်) ခြေစစ်ပွဲစဉ်များ
Published 6 October 2017

Photo:AFP

 

■ ဂျော်ဂျီယာ နှင့် ဝေးလ်စ် (၆-၁၀-၂၀၁၇ ည ၁၀း၃၀ နာရီ)
ဝေးလ်စ်က အုပ်စုနောက်ဆုံးပွဲမှာ အုပ်စုဒုတိယနေရာအတွက် အဓိကပြိုင်ဘက်ဖြစ်လာနိုင်တဲ့ အိုင်ယာလန်နဲ့ အိမ်ကွင်းပွဲကစားရမယ်။ ဒီပွဲနိုင်ရင် အိုင်ယာလန်ကို သရေကစားရုံနဲ့ အုပ်စုဒုတိယနေရာရမယ်။ ဒီပွဲသရေဆိုရင် အိုင်ယာလန်ကိုအနိုင်ရမှ အုပ်စုဒုတိယနေရာရလိမ့်မယ်။ ဒီပွဲမှာ ဝေးလ်စ်အမှားခံမှာ မဟုတ်ဘူး။ မဖြစ်မနေအနိုင်ကစားလိမ့်မယ်။

■ သြစတြီးယား နှင့် ဆားဘီးယား (၇-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ဆားဘီးယားက ဒီပွဲရှုံးခဲ့ရင်တောင် နောက်ဆုံးပွဲကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး ဂျော်ဂျီယာကို နိုင်ရုံနဲ့ အုပ်စုဗိုလ်ပါ။ ဒါကြောင့် ဖိအားသိပ်မရှိဘူး။ အမှားမခံဖို့ပဲ ကစားရလိမ့်မယ်။ သြစတြီးယားကတော့ Play-Off နေရာကို မျှော်လင့်ခွင့် နည်းနည်းလေးရှိသေးတယ်။ မဖြစ်မနေအနိုင်ကစားရလိမ့်မယ်။ ဒါပေမဲ့ သရေပွဲပဲ ဖြစ်လိမ့်မယ်။

■ အိုင်ယာလန် နှင့် မော်လ်ဒိုဗာ (၇-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
မော်လ်ဒိုဗာက အုပ်စုအတွင်း အညံ့ဆုံးအသင်းဖြစ်သလို အိမ်ဖြည့်အသင်းလည်း ဖြစ်တယ်။ အိုင်ယာလန်ကတော့ ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်ရှိနေပြီး နောက်ဆုံးပွဲစဉ်တွေအထိ တိုက်ပွဲဝင်သွားမယ့် အသင်းပါပဲ။ နောက်ပြီး ခြေစွမ်းကလည်း ကွာပါတယ်။ အိုင်ယာလန် ဂိုးပြတ် အနိုင်ကစားသွားပါလိမ့်မယ်။

■ အီတလီ နှင့် မက်ဆီဒိုးနီးယား (၇-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
အီတလီက အနည်းဆုံးတော့ အုပ်စုဒုတိယနေရာသေချာနေပါပြီ။ ဒါပေမဲ့ အုပ်စုဗိုလ်နေရာအတွက်လည်း စပိန်ကို ကျော်နိုင်ဖို့ မရှိတော့ဘူး။ ဒါကြောင့် အေးအေးဆေးဆေးကစားမှာပါ။ ဒီလိုအခြေအနေမျိုးမှာကျတော့ အာရုံစူးစိုက်မှု လျော့နည်းနေမယ်ဆိုတာထက် သက်သောင့်သက်သာကစားပြီး ဂိုးပြတ်သွင်းဖို့ များပါတယ်။

■လက်ချင်စတိန်း နှင့် အစ္စရေး (၇-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
(၂)သင်းစလုံး ဘာမျှော်လင့်ချက်မှမရှိတော့ပါဘူး၊ ဒါပေမဲ့ အခုခြေစစ်မှာ ပွဲတိုင်းရှုံးနေပြီး ရဂိုး (၁)ဂိုးသာရသေးတဲ့ လက်ချင်စတိန်းကတော့ တကယ်စိတ်ပျက်စရာပါပဲ။ အစ္စရေးပဲ အနိုင်ရသွားမှာပါ။

■ စပိန် နှင့် အယ်လ်ဘေးနီးယား (၇-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
စပိန်က အယ်လ်ဘေးနီးယားအသင်းရဲ့ ကွင်းမှာ (၂-ဝ)ဂိုး နဲ့ လွယ်လွယ်ကူကူအနိုင်ရခဲ့တယ်။ အုပ်စုဗိုလ်နေရာကလည်း သေချာသလောက်ရှိပါတယ်။ ဒါကြောင့် အခု အိမ်ကွင်းပွဲစဉ်မှာ သက်သောင့်သက်သာကစားပြီး အမှားအယွင်းမရှိအနိုင်ယူလိမ့်မယ်။ အယ်လ်ဘေးနီးယားရဲ့ အဝေးကွင်းရလဒ်ကမဆိုးပေမယ့် ဂိုးပြတ်ရှုံးဖို့များပါတယ်။

■ ခရိုအေးရှား နှင့် ဖင်လန် (၇-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
နောက်ဆံုံးကစားခဲ့တဲ့ (၃)ပွဲမှာ အိုက်စလန်နဲ့ တူရကီတို့လို အုပ်စုတွင်း အဓိကပြိုင်ဘက်အသင်းတွေကို ရှုံးနိမ့်ခဲ့တာက ခရိုအေးရှားအသင်းကို အခြေအနေဆိုးသွားစေတယ်။ ဒီပွဲမှာ အမှားအယွင်းရှိခဲ့ရင်တော့ နောက်ဆုံးပွဲက ယူကရိန်းကွင်းမှာဖြစ်လို့ ခြေစစ်ပွဲအောင်ဖို့တောင် မရေရာဘူးဖြစ်သွားနိုင်တယ်။ ခရိုအေးရှား အနိုင်သေချာပါတယ်။

■ တူရကီ နှင့် အိုက်စလန် (၇-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ဒီပွဲကလည်း ခြေစစ်ပွဲအောင်ရေးအတွက် အရမ်းအရေး ကြီးနေတဲ့ပွဲပါ။ တူရကီက ဒီအိမ်ကွင်းပွဲမှာသာရှုံးခဲ့ရင် မျှော်လင့်ချက်အရမ်းနည်းသွားပြီ။ အိုက်စလန်ကတော့ နိုင်ခဲ့ရင် အနည်းဆုံးအုပ်စုဒုတိယနေရာသေချာပြီဖြစ်ပြီး သရေဆိုရင်လည်း ကိုဆိုဗိုနဲ့ အိမ်ကွင်းကစားရမှာဖြစ်လို့သရေအကျခံနိုင်ပါတယ်။ အိုက်စလန် သရေယူသွားနိုင်လိမ့်မယ်။

■ ကိုဆိုဗို နှင့် ယူကရိန်း (၇-၁၀-၂၀၁၇ နံနက် ၁း၁၅ နာရီ)
ခြေစစ်ပွဲအောင်ဖို့ မျှော်လင့်ချက်ရှိသေးတဲ့ ယူကရိန်းအတွက် ဒီပွဲက အရေးကြီးတဲ့ပွဲစဉ်ပါ။ ကိုဆိုဗိုလို ဥရောပ အသင်းငယ်တစ်သင်းက ယူကရိန်းအတွက် ဘာမှမခက်ခဲပါဘူး။ ယူကရိန်း ဂိုးပြတ်နိုင်ပါလိမ့်မယ်။

 

Most Read

Most Recent