အင်္ဂလန်နိုင်ငံသည် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲသို့ တစ်နှစ်အတွင်း နိုင်ငံတစ်နိုင်ငံတည်းမှ အသင်း (၄) သင်းတက်ရောက်သည့် ပထမဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အင်္ဂလန်နိုင်ငံသည် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲသို့ တစ်နှစ်အတွင်း နိုင်ငံတစ်နိုင်ငံတည်းမှ အသင်း (၄) သင်းတက်ရောက်သည့် ပထမဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
မေလ (၇) ရက်နှင့် (၈) ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ အင်္ဂလန်ကလပ်များဖြစ်သော လီဗာပူးလ်နှင့် စပါးအသင်းတို့သည် ဘာစီလိုနာနှင့် အေဂျက်စ်အသင်းတို့ကို အံ့အားသင့်ဖွယ်ကျော်ဖြတ်ကာ All-English Final ကို ဖန်တီးနိုင်ခဲ့သည်။
ထို့အတူ မေလ (၉) ရက်နေ့ ကစားခဲ့သည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များတွင်လည်း အင်္ဂလန်ကလပ်များဖြစ်သော အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့သည် ဗလင်စီယာနှင့် ဖရန့်ဖတ်အသင်းတို့ကို ကျော်ဖြတ်ကာ ယူရိုပါလိဂ်တွင်လည်း All-English Final ကို ဖန်တီးနိုင်ခဲ့သည်။
UEFA က ကြီးမှူးကျင်းပသည့် ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ (၂)ခုတွင် တစ်နှစ်တည်းအတွင်း တစ်နိုင်ငံတည်းမှ အသင်း (၃) သင်းအထိ ဗိုလ်လုပွဲတက်ရောက်သည့်အကြိမ်များစွာရှိခဲ့သော်လည်း အသင်း (၄) သင်း တက်ရောက်ခဲ့ဖူးခြင်းမရှိဘဲ ယခုအခါ အင်္ဂလန်ကလပ်များက မှတ်တမ်းရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် လန်ဒန်ကလပ်များဖြစ်သည့် စပါး၊ အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့မှာ ယခုရာသီ ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ် ဗိုလ်လုပွဲများသို့ တက်ရောက်နိုင်ခဲ့ရာ လန်ဒန်မြို့မှာလည်း တစ်နှစ်တည်းအတွင်း အဆိုပါပြိုင်ပွဲများတွင် မြို့တစ်မြို့တည်းမှ (၃) သင်းအထိ ဗိုလ်လုပွဲတက်ရောက်နိုင်သည့် ပထမဆုံးမြို့အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။