သူများဘောလုံးခိုး၍ကစားခဲ့ဖူးကြောင်း ဂျူဗင်တပ်စ်တိုက်စစ်မှူး မွိုက်စ်ကိန်း ဝန်ခံ

သူများဘောလုံးခိုး၍ကစားခဲ့ဖူးကြောင်း ဂျူဗင်တပ်စ်တိုက်စစ်မှူး မွိုက်စ်ကိန်း ဝန်ခံ
Photos: Getty Images
Photos: Getty Images
Published 8 May 2019

 

ဂျူဗင်တပ်စ်အသင်းမှ အသက် (၁၉)နှစ်အရွယ်အီတလီတိုက်စစ်မှူး မွိုက်စ်ကိန်းက ငယ်ဘဝတွင် သူများဘောလုံးခိုး၍ ကစားခဲ့ဖူးကြောင်း ဝန်ခံ ပြောကြားခဲ့သည်။

မွိုက်စ်ကိန်းက ငယ်ဘဝတွင်ချို့တဲ့ခဲ့သဖြင့် ရုန်းကန်ရှင်သန်ခဲ့ရကြောင်း၊ ဘောလုံးကစားရန် ဘောလုံးမရှိချိန်တွင် အိမ်အနားရှိ ဘုရားကျောင်းမှ သင်းအုပ်ဆရာသိမ်းဆည်းထားသည့် ဘောလုံးခိုး၍ ကစားခဲ့ဖူးကြောင်း၊ ဘောလုံးကစားရန်အတွက် ပေးစရာငွေမရှိချိန်တွင် ခိုးယူခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။

" ကစားသမားတစ်ဦးကိုကစားကြေး (၁၀)ယူရို ပေးရပါတယ်။ အပတ်စဉ်တိုင်းလိုလို ကစားဖော်တွေကို တောင်းပန်ရတယ်၊ တခါတလေသူများဆီက ချေးရတယ်၊ တခါတလေ ခိုးပြီး  ပွဲကစားကြေးပေးခဲ့ရပါတယ်" ဟု ပြောကြားခဲ့သည်။

မွိုက်စ်ကိန်းသည် လက်ရှိရာသီတွင် (၁၁)ပွဲကစားထားပြီး (၆)ဂိုးသွင်းယူထားကြောင်း သိရသည်။

Most Read

Most Recent