တိုရီနိုတိုက်စစ်မှူး ဘယ်လော့တီသည် အသင်းနှင့် လာမည့် ၂၀၂၂ ခုနှစ် အထိစာချုပ်သက်တမ်းတိုးခဲ့ကြောင်း သိရသည်။
အသက် (၂၆)နှစ်အရွယ် အီတလီတိုက်စစ်မှူး ဘယ်လော့တီသည် လက်ရှိရာသီတွင် တိုရီနိုအသင်းအတွက် ပြိုင်ပွဲစုံ (၃၆)ပွဲ၌ (၁၅)ဂိုးအထိသွင်းယူထားပြီး တိုရီနိုအသင်း၏ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်အတွက် အဓိကကစားသမားတစ်ဦးအဖြစ်ခြေစွမ်းပြနေသည်။
တိုရီနိုအသင်းသည် ဘယ်လော့တီကို စာချုပ်သစ်ချုပ်ဆိုသည့်အကြောင်းကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့အထိတရားဝင်မကြေညာခဲ့သော်လည်း အီတလီမီဒီယာများက ဖော်ပြနေခြင်းဖြစ်ပြီး ၎င်းကိုခေါ်ယူလိုသည့်အသင်းအနေဖြင့် စာချုပ်ပါ လျော်ကြေး ယူရိုသန်း (၁၀၀)ပေးရမည့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။