ပရီးမီးယားလိဂ်အကောင်းဆုုံးကစားသမား ဆန်ခါတင်(၇)ဦးစာရင်းတွင် မန်စီးတီးနှင့် လီဗာပူးလ်မှ (၃)ဦးစီပါဝင်

ပရီးမီးယားလိဂ်အကောင်းဆုုံးကစားသမား ဆန်ခါတင်(၇)ဦးစာရင်းတွင် မန်စီးတီးနှင့် လီဗာပူးလ်မှ (၃)ဦးစီပါဝင်
Photos: Getty Images
Photos: Getty Images
Published 8 May 2019

 

ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် ယခုရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်(၇)ဦးစာရင်းကို ထုတ်ပြန်ခဲ့ရာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ဦးဆောင်နေသော မန်စီးတီးနှင့် လီဗာ ပူးလ်အသင်းတို့မှ ကစားသမား (၃)ဦးစီပါဝင်နေကြောင်း သိရှိရသည်။

မန်စီးတီးအသင်းမှ တိုက်စစ်မှူး အဂွဲရိုး၊ ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားနှင့် တောင်ပံတိုက်စစ်ကစားသမား စတာလင်တို့ ပါဝင်နေပြီး လီဗာပူးလ် အသင်းမှ တိုက်စစ်မှူး ဆာလာ၊ ကွင်းလယ်တိုက်စစ်ကစားသမား မာနေနှင့် နောက်ခံလူ ဗန်ဒိုက်တို့ ပါဝင်လျက်ရှိကာ အခြားကစားသမားတစ်ဦးမှာ ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်ဖြစ်သည်။

ယင်းဆုကို ပြီးခဲ့သည့်ဘောလုံးရာသီက လီဗာပူးလ်တိုက်စစ်မှူး ဆာလာက ဆွတ်ခူးရရှိခဲ့သည်။

ယခုရာသီ တွင် ယင်းဆုကို ရရှိနိုင်သူအဖြစ် PFA အကောင်းဆုံးဆု ရရှိထားသော ဗန်ဒိုက်နှင့် PFA အကောင်းဆုံးလူငယ် ဆုရရှိထားသော စတာလင်တို့ အပြိုင် ရေပန်းစားနေကြောင်း သိရှိရသည်။

Most Read

Most Recent