ဘာစီလိုနာအသင်းကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့ခြင်းမှာ ဘောလုံး၏ အလှတရားဖြစ်သည်ဟု ယာဂန်ကလော့ပ် ပြောကြား

ဘာစီလိုနာအသင်းကို အံ့အားသင့်ဖွယ် အနိုင်ရခဲ့ခြင်းမှာ ဘောလုံး၏ အလှတရားဖြစ်သည်ဟု ယာဂန်ကလော့ပ် ပြောကြား
Photos: Reuters & Getty Images
Photos: Reuters & Getty Images
Published 8 May 2019

ယင်းပွဲစဉ်အပြီးတွင် ယာဂန်ကလော့ပ်က ကမ္ဘာ့အကောင်းဆုံးအသင်းကို မိမိတို့အနိုင်ရခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမှာ ဘောလုံး၏ အလှတရားတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့တွင် ဘာစီလိုနာအသင်းကို (၄-၀)ဂိုးဖြင့်အနိုင်ယူကာ နှစ်ကျော့ပေါင်း (၄-၃)ဂိုးဖြင့် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းမှာ ဘောလုံး၏ အလှတရားဖြစ်သည်ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ဘာစီလိုနာအသင်းကို အဝေးကွင်းတွင် (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အန်ဖီးလ်ကွင်းတွင် (၄-၀)ဂိုးဖြင့်အနိုင်ယူကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ နှစ်နှစ်ဆက်တက်ရောက်နိုင်ခဲ့သည်။

ယင်းပွဲစဉ်အပြီးတွင် ယာဂန်ကလော့ပ်က ကမ္ဘာ့အကောင်းဆုံးအသင်းကို မိမိတို့အနိုင်ရခဲ့ခြင်းဖြစ်ကြောင်းနှင့် ယင်းမှာ ဘောလုံး၏ အလှတရားတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကလော့ပ်က '' ဒီနေ့ပွဲစဉ်တစ်လျှောက်လုံး အလွန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့အကောင်းဆုံးလို့ဆိုနိုင်တဲ့ အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဘာစီလိုနာအသင်းကို အနိုင်ယူဖို့ဆိုတာ အလွန်ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ Clean Sheet နဲ့အနိုင်ရခဲ့ပါတယ်။ ကျွန်တော့်ကစားသမားတွေ ဘယ်လိုကစားတယ်ဆိုတာကိုတော့ ကျွန်တော်မပြောတတ်တော့ပါဘူး။ ဒီနိုင်ပွဲက မယုံနိုင်စရာပါပဲ။ ပွဲအပြီးမှာတော့ ဂျိမ်းစ်မီလ်နာဟာ ကွင်းထဲမှာ ငိုနေခဲ့ပါတယ်။ ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် အဓိပ္ပါယ်အလွန်ရှိတဲ့ နိုင်ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒါဟာ ဘောလုံးရဲ့ အလှတရားတစ်ခုပါပဲ။ ကမ္ဘာမှာ ဘောလုံးထက်အရေးကြီးတဲ့ အရာတွေအများကြီးရှိပါတယ်။ ဒါပေမဲ့ အခုလိုခံစားမှုမျိုးကို ဖန်တီးနိုင်တာဟာ အရမ်းကိုကောင်းပါတယ်။ ဒါတွေအကုန်လုံးက လီဗာပူးလ်ကစားသမားတွေကြောင့်ဖြစ်လာတာပါ။ ဒီလိုပွဲမျိုးမှာ ယုံကြည်မှုက အသက်ပါပဲ။ အော်ရီဂီနဲ့ ရှာကီရီတို့ဟာ ဒီရာသီမှာပွဲတွေအများကြီး မကစားခဲ့ရပါဘူး။ ဒါပေမဲ့ သူတို့ဟာ အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုတာ သူတို့ပြသနိုင်ခဲ့ပါတယ်။ ထောင့်ကန်ဘောကနေ ဂိုးရခဲ့တာကို ကျွန်တော်မမြင်လိုက်ပါဘူး။ ထောင့်ကန်ဘော ဘယ်သူကန်တယ်ဆိုတာတောင် ကျွန်တော်မသိလိုက်ပါဘူး။ အရန်ခုံမှာထိုင်နေတဲ့ ဝုဒ်ဘမ်းကလည်း ဘာဖြစ်သွားတာလဲဆိုပြီး ပြောခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ရာသီကုန်ဆုံးရန် (၁)ပွဲအလိုအထိ ရမှတ် (၉၄)မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးအသင်း (၉၅ မှတ်)ကို (၁)မှတ်အကွာဖြင့် ဖိအားပေးလျက်ရှိပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် (၂)ရာသီဆက်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းကို အနိုင်ယူပြီး ယခုရာသီတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမှာ အသင်းသမိုင်းတွင် (၉)ကြိမ်မြောက်ဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ဗိုလ်လုပွဲ (၈)ကြိ်မ်တွင် ချန်ပီယံဆုကို (၅)ကြိမ်အထိရယူနိုင်ခဲ့ကာ အင်္ဂလန်အသင်းများထဲတွင် အအောင်မြင်ဆုံးအဖြစ်ရပ်တည်နေသည်။

Most Read

Most Recent