ယခုရာသီ ချန်ပီယံလိဂ်တွင် လီဗာပူးလ်အသင်း အိမ်ကွင်းရှုံးပွဲမရှိသေးသလို ဘာစီလိုနာအသင်းမှာလည်း အဝေးကွင်းရှုံးပွဲမရှိသေး

ယခုရာသီ ချန်ပီယံလိဂ်တွင် လီဗာပူးလ်အသင်း အိမ်ကွင်းရှုံးပွဲမရှိသေးသလို ဘာစီလိုနာအသင်းမှာလည်း အဝေးကွင်းရှုံးပွဲမရှိသေး
Photo: Getty Images
Photo: Getty Images
Published 7 May 2019

ယနေ့ညယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ် လီဗာပူးလ် - ဘာစီလိုနာပွဲတွင် လီဗာပူးလ်အသင်းမှာ ယခုရာသီချန်ပီယံလိဂ် အိမ်ကွင်းရှုံးပွဲမရှိသေးသလို ဘာစီလိုနာအသင်းမှာလည်း ချန်ပီယံလိဂ်အဝေးကွင်းရှုံးပွဲမရှိသေးကြောင်းသိရသည်။

လီဗာပူးလ်အသင်းသည် ယခုရာသီချန်ပီယံလိဂ်အိမ်ကွင်း (၅)ပွဲကစားခဲ့ရာတွင် (၄)ပွဲအထိအနိုင်ရကာ (၁)ပွဲသရေကျခဲ့ခြင်းဖြစ်သည်။ 

သို့သော် လီဗာပူးလ်အသင်းသည် အဆိုပါပွဲစဉ်များတွင် (၄)ဂိုးပြတ်အနိုင်ရသည့်ပွဲစဉ်မှာ (၁)ပွဲသာရှိခဲ့ပြီး အုပ်စုအဆင့်ပွဲစဉ်တွင် ဇဗက်ဒါအသင်းကို (၄-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် ဘာစီလိုနာအသင်းကို အဝေးကွင်း၌ (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ထားသည့်အတွက် အိမ်ကွင်းတွင် (၄)ဂိုးပြတ်အနိုင်ရရှိမှသာ ဗိုလ်လုပွဲသို့တက်ရောက်နိုင်မည်ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ ချန်ပီယံလိဂ်တွင် အိမ်ကွင်းရှုံးပွဲလုံးဝမရှိသေးသလို၊ ပရီးမီးယားလိဂ်အိမ်ကွင်း (၁၈)ပွဲတွင်လည်း ရှုံးပွဲလုံးဝမရှိဘဲ (၂)ပွဲသရေကျကာ၊ (၁၆)ပွဲအထိ အနိုင်ရရှိခဲ့သည်။

ယင်းထဲတွင် လီဗာပူးလ်အနေဖြင့် (၄)ဂိုးနှင့်အထက် အနိုင်ရသည့်ပွဲစဉ်မှာ (၅)ပွဲအထိရှိခဲ့ကြောင်း သိရသည်။

ထို့အတူ လီဗာပူးလ်အနေဖြင့် ယခုရာသီချန်ပီယံလိဂ်အိမ်ကွင်းရှုံးပွဲမရှိသေးသလို ဘာစီလိုနာအသင်းမှာလည်း ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲတွင် အဝေးကွင်းရှုံးပွဲလုံးဝမရှိသေးကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ယခုရာသီ ချန်ပီယံလိဂ် အဝေးကွင်း (၅)ပွဲတွင် (၃)ပွဲအထိအနိုင်ရကာ (၂)ပွဲသရေကျခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် ယခုရာသီချန်ပီယံလိဂ်အဝေးကွင်းတွင် ပရီးမီးယားလိဂ်ကလပ် (၂)သင်းဖြစ်သည့် စပါးနှင့် မန်ယူအသင်းတို့ကို အဝေးကွင်းတွင် အနိုင်ရရှိခဲ့ကြောင်းလည်းသိရသည်။

ထို့ကြောင့် ယနေ့ညကစားမည့်ပွဲတွင် ရှုံးပွဲတွေ့သည့်အသင်းက ယခုနှစ်ချန်ပီယံလိဂ်တွင် ပထမဆုံးအိမ်ကွင်း (သို့မဟုတ်) အဝေးကွင်းရှုံးပွဲနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

Most Read

Most Recent