ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို ဗာဒီ၊ ဂွါဒီယိုလာနှင့် ဟာဇက်တို့ ဆွတ်ခူး 

ဧပြီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆုများကို ဗာဒီ၊ ဂွါဒီယိုလာနှင့် ဟာဇက်တို့ ဆွတ်ခူး 
Photos: Getty Images, Twitter & Premier League
Photos: Getty Images, Twitter & Premier League
Published 7 May 2019

ဧပြီလအတွက် ပရီးမီးယားလိဂ်အ ကောင်းဆုုံးဆုများကို လက်စတာတိုက်စစ် မှူး ဗာဒီ၊ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ နှင့် ချယ်လ်ဆီးတောင်ပံကစားသမား ဟာ ဇက်တို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဧပြီလအတွက် ပရီးမီးယားလိဂ်အ ကောင်းဆုုံးဆုများကို လက်စတာတိုက်စစ် မှူး ဗာဒီ၊ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ နှင့် ချယ်လ်ဆီးတောင်ပံကစားသမား ဟာ ဇက်တို့ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဗာဒီသည် ဧပြီလအတွက် ပရီးမီးယား လိဂ်အကောင်းဆုံးကစားသမားဆုကို ဟာဇက်၊ ဆာလာတို့ကဲ့သို့ နာမည်ကျော်များကို ကျော်ဖြတ်ကာ ရရှိခဲ့ခြင်းဖြစ်သည်။ 

အသက် (၃၂) နှစ်အရွယ်ရှိ ဗာဒီသည် ဧပြီလအတွင်း ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်  (၄)ပွဲတွင် (၅)ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ယခုကဲ့သို့ ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဗာဒီသည် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုကို ၂၀၁၅ ခုနှစ်က နှစ်ကြိမ်ရခဲ့ဖူးပြီး ယခုအကြိမ်မှာ ၎င်းအတွက် တတိယအကြိမ်မြောက်ဖြစ်သည်။

    

ဂွါဒီယိုလာသည် မန်စီးတီးအသင်းကို ဧပြီလအတွင်းကစားခဲ့သည့် စပါး၊ မန်ယူအ သင်းတို့နှင့်ပွဲများအပါအဝင် ပရီးမီးယားလိဂ် (၅)ပွဲစလုံးအနိုင်ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သောကြောင့် တစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိခြင်းဖြစ်သည်။ 



ဂွါဒီယိုလာက သူ၏ Twitter တွင် ယင်းဆုအပါအဝင် နည်း ပြအဖွဲ့ဝင်များနှင့် ရိုက်ကူးထားသည့်ပုံကို အားလုံးနှင့်သက်ဆိုင်သည့်ဆုဟု မေလ (၇) ရက်က ရေးသားကာ တင်ရှိခဲ့သည်။ 

ယခုဆုမှာ ဂွါဒီယိုလာအတွက် ယခုရာသီတွင် ဒုတိယအကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ပြီး နည်းပြဘဝတွင် ၇ ကြိမ်အထိ ရယူနိုင်ခဲ့ကြောင်း သိရသည်။ 

ဧပြီလအတွက် ချီးမြှင့်သည့်  ပရီးမီးယားလိဂ်အကောင်းဆုံးသွင်းဂိုးဆုကို ချယ်လ်ဆီး အသင်းတောင်ပံတိုက်စစ်ကစားသမား ဟာဇက်က ဆွတ်ခူးရရှိခဲ့သည်။ 

ဟာဇက်သည် ဧပြီလအတွင်း ဝက်စ်ဟမ်း အသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရသည့်ပွဲမှ ကစားသမားငါးယောက်ကို ကျော်ဖြတ်ပြီး သွင်းယူခဲ့သည့် ၎င်း၏ပထမဂိုးမှာ အဆိုပါဆုအတွက် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဟာဇက်အနေဖြင့် အကောင်းဆုံးဂိုးဆုကို ဒုတိယ အကြိမ်မြောက် ရရှိခြင်းဖြစ်ပြီး ၂၀၁၇၊ ဖေ ဖော်ဝါရီကလည်း ယင်းဆုကို ပထမဆုံးအဖြစ် ဆွတ်ခူးခဲ့သည်။

Most Read

Most Recent