မီလာနှင့် ဆယ်လာတို့ နှစ်ပွဲဆက်အနီထိခဲ့ပြီးနောက် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ပြင်းထန်လွန်းသည်ဟု ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား

မီလာနှင့် ဆယ်လာတို့ နှစ်ပွဲဆက်အနီထိခဲ့ပြီးနောက် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ပြင်းထန်လွန်းသည်ဟု ရန်ကုန်နည်းပြချုပ် ဦးမျိုးမင်းထွန်း ပြောကြား
Photos: EMG,YUFC
Photos: EMG,YUFC
Published 5 May 2019

 

ရန်ကုန်အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက MNL အမှတ်ပေး ပြိုင်ပွဲတွင် နိုင်ငံခြားသားကစားသမားများဖြစ်သည့် မီလာနှင့် ဆယ်လာတို့ နှစ်ပွဲဆက်တိုက် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ဒိုင်လူ ကြီးများ၏ ဆုံးဖြတ်ချက်များ ပြင်းထန်လွန်းကြောင်း ပြောကြားခဲ့သည်။

ဦးမျိုးမင်းထွန်းက " ဒိုင်လူကြီးတွေရဲ့ တချို့ဆုံးဖြတ်ချက်တွေက ပြင်းထန်လွန်းတယ်လို့ ထင်ပါတယ်။ ဒဂုံနဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ မီလာရဲ့ ဖြစ်ရပ်က ဘာမှန်းတောင်မသိပါဘူး။ ကျွန်တော်တို့ ရုပ်သံမှတ်တမ်းတွေ ပြန်ကြည့်ပြီးပါပြီ။ စစ်ကိုင်းနဲ့ပွဲမှာ အနီကတ်ထိခဲ့တဲ့ ဆယ်လာရဲ့ ဖြစ်ရပ်ကိုတော့ မမြင်လိုက်ပါဘူး။ အနီကတ်ပြသခံရမှသိတာပါ။ သေချာတာကတော့ မီလာရဲ့ အနီကတ်က ပြင်းထန်လွန်းပါတယ်။ ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး ဘာမှမပြောချင်ပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့တွေ အသိဆုံးဖြစ်မှာပါ" ဟု ပြောကြားခဲ့သည်။

ရန်ကုန် အသင်းသည် ယခုရာသီတွင် အနီကတ် အများဆုံးပြသခံရသည့် အသင်းဖြစ်နေပြီး နောက်ဆုံးနှစ်ပွဲဆက် အနီကတ်ထိခဲ့ပြီး ဒဂုံနှင့် ပွဲစဉ် (၉) တွင် ကွင်းလယ်ကစားသမား မီလာ၊ စစ်ကိုင်းနှင့် ပွဲစဉ် (၁၀) တွင် တိုက်စစ်မှူး ဆယ်လာတို့ ထုတ်ပယ်ခံခဲ့ရသည်။ ယခုရာသီ MNL အမှတ်ပေး ပြိုင်ပွဲတွင် ရာသီအစပွဲများ၌ အနီကတ်ထိသည့်ကစားသမားမရှိဘဲ ပွဲစဉ် (၉) မှသာ အနီကတ်ပြသခံရ ခြင်းဖြစ်သည်။

ပွဲစဉ် (၉) တွင် ရန် ကုန်ကွင်းလယ်ကစားသမား မီလာ၊ ဧရာဝတီတောင်ပံကစားသမား ရန်ပိုင်စိုးတို့ အနီကတ်ဖြင့် ထုတ်ပယ်ခံရသည်။ ယခုရာသီတွင် ပွဲစဉ် (၁) မှ (၈) အထိ အနီကတ်မပြသခံရခြင်း မှာ MNL ပြိုင်ပွဲတစ်လျှောက် အကြာမြင့်ဆုံးဖြစ်ပြီး အမြင့်ဆုံး အဝါကတ်သာ ပြသခံခဲ့ရသည်။

စစ်ကိုင်းနှင့်ပွဲတွင် ထုတ်ပယ်ခံရသည့် တိုက်စစ်မှူး ဆယ်လာသည် ပထမအကျော့နောက်ဆုံးပွဲဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် အိမ်ကွင်းပွဲကို လွဲချော်မည်ဖြစ်သည်။ ရန်ကုန်အသင်းသည် နောက်ပိုင်းပွဲ များတွင် အဓိက ကစားသမားများ ပွဲဲပယ်နှင့် ဒဏ်ရာပြဿနာများ ကြုံ တွေ့နေရပြီး ရှမ်းယူနိုက်တက်နှင့်ပွဲ တွင်လည်း ကစားသမားအချို့ ပါဝင် နိုင်မည်မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent