WLC - 8 ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဘားအံမြို့၌ ယနေ့ကျင်းပမည်

WLC - 8 ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဘားအံမြို့၌ ယနေ့ကျင်းပမည်
Photos: WLC
Photos: WLC
Published 5 May 2019

 

မြန်မာလက်ခမောင်းကုမ္ပဏီက စီစဉ်ကျင်းပမည့် WLC - 8 ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မေ ၅ ရက် (ယနေ့) ညနေ ၆ နာရီတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ချစ်သူမြိုင်ပန်းခြံ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် တွဲဆိုင်းရှစ်ပွဲပါဝင်မည် ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် မိုက်ရိုင်းနှင့် မွန်းဆာမတ် (ကမ္ဘောဒီးယား) တို့ ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။

ယခုပြိုင်ပွဲတွင် ပြည်ပလက်ဝှေ့သမားများနှင့် ထိုးသတ်မည့် လေးပွဲ၊ ပြည်တွင်းကစားသမားအချင်းချင်း ထိုးသတ်မည့်လေးပွဲ ပါဝင်မည်ဖြစ်သည်။

အခြားတွဲဆိုင်းများအဖြစ် ကျော်ဇင်လတ်နှင့် ဘရုလစ်ခ် (ဂျာမနီ)၊  သွေးသစ်အောင်နှင့် မက္ကာသီ (အိုင်ယာလန်)၊ စောမင်းမင်းနှင့် အောင်အောင်ထူး၊ အဲအဲနှင့် ဟာဟူဟိုင် (ဗီ ယက်နမ်)၊ သွေးသစ်မောင်နှင့် အောင်ဟိန်း၊ ဟိန်းထွန်းအောင်နှင့် သန်းဇော်၊ ဘဟိန်းနှင့် မင်းထက်ကျော်တို့ ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်သည်။

Most Read

Most Recent