လာမည့်ရာသီတွင် အေဂျက်စ်အသင်း၌ ဆက်ရှိမည်ဟု တာဂလီယာဖီကို ကတိပေး

လာမည့်ရာသီတွင် အေဂျက်စ်အသင်း၌ ဆက်ရှိမည်ဟု တာဂလီယာဖီကို ကတိပေး
Photo: Getty Images
Photo: Getty Images
Published 5 May 2019

တာဂလီယာဖီကိုက လာမည့်ရာသီတွင် မိမိအနေဖြင့် အသင်းပြောင်းရွှေ့မည်မဟုတ်ကြောင်း မေလ (၄)ရက်နေ့က အေဂျက်စ်အသင်း၏ Twitter အကောင့်တွင် ဗီဒီယိုဖိုင်တင်ကာ ပြောကြားခဲ့သည်။

 

ဥရောပထိပ်တန်းအသင်းများ၏ စိတ်ဝင်စားခြင်းကိုခံနေရသည့် အေဂျက်စ်နောက်ခံလူ တာဂလီယာဖီကိုက မိမိအနေဖြင့် လာမည့်ရာသီတွင် အသင်း၌ဆက်ရှိနေမည်ဖြစ်ကြောင်း ပရိသတ်များကို ကတိပေးပြောကြားခဲ့သည်။

အသက် (၂၆)နှစ်အရွယ်ရှိ အာဂျင်တီးနားဘယ်နောက်ခံလူ တာဂလီယာဖီကိုသည် ယခုရာသီတွင် အေဂျက်စ်အသင်းနှင့်အတူ ထင်ပေါ်လာသူဖြစ်ပြီး ၄င်းကိုခေါ်ယူရန် အာဆင်နယ်အသင်းနှင့် အက်သလက်တီကိုအသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။

သို့သော် တာဂလီယာဖီကိုက လာမည့်ရာသီတွင် မိမိအနေဖြင့် အသင်းပြောင်းရွှေ့မည်မဟုတ်ကြောင်း မေလ (၄)ရက်နေ့က အေဂျက်စ်အသင်း၏ Twitter အကောင့်တွင် ဗီဒီယိုဖိုင်တင်ကာ ပြောကြားခဲ့သည်။

ယင်းဗီဒီယိုဖိုင်တွင် တာဂလီယာဖီကိုက ''ပရိသတ်တွေအားလုံး မင်္ဂလာပါ။ နေကောင်းကြတယ် မဟုတ်လား။ ကျွန်တော့်အနေနဲ့ ပြောစရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်တော်ဟာ လာမယ့်ရာသီမှာ အသင်းမှာပဲ ဆက်ရှိနေမယ်ဆိုတဲ့စကားပါပဲ။ ဒီနှစ်ကတော့ အသင်းအတွက် ကြီးကျယ်ခမ်းနားတဲ့နှစ်တစ်နှစ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကို နှုတ်ဆက်ပါတယ်" ဟုပြောကြားခဲ့သည်။

တာဂလီယာဖီကိုသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကမှ အာဂျင်တီးနားကလပ် အင်ဒီပန်းဒီးယန့်အသင်းမှ အေဂျက်စ်အသင်းသို့ ယူရို (၄)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ သို့သော်လက်ရှိအချိန်တွင် ၄င်း၏စျေးကွက်တန်ကြေးမှာ ပေါင် (၂၃)သန်းအထိရှိကြောင်း သိရသည်။

တာဂလီယာဖီကိုသည် ယခုရာသီတွင် အေဂျက်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၇)ပွဲကစားထားပြီး (၅)ဂိုးသွင်းယူပေးထားသည်။

Most Read

Most Recent