အယ်လီဂရီသည် ရုန့်ရင်းကြမ်းတမ်းသူဟု Sky Sports Italia မှ ဘောလုံးဝေဖန်သုံးသပ်သူ အဒါနီ ပြစ်တင်

အယ်လီဂရီသည် ရုန့်ရင်းကြမ်းတမ်းသူဟု Sky Sports Italia မှ ဘောလုံးဝေဖန်သုံးသပ်သူ အဒါနီ ပြစ်တင်
Photos: Getty Images,Sky Sports
Photos: Getty Images,Sky Sports
Published 1 May 2019

 

Sky Sports Italia မှ ဘောလုံးဝေဖန်သုံးသပ်သူ အဒါနီက ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီသည် ရုန့်ရင်းကြမ်းတမ်းသူတစ်ဦး ဖြစ်ကြောင်း ပြစ်တင်ခဲ့သည်။

အဒါနီနှင့် အယ်လီဂရီတို့သည် အင်တာမီလန်နှင့် ဂျူဗင်တပ်စ်အသင်းတို့၏ အီတလီဒါဘီ ပွဲစဉ်အပြီးတွင် Sky Sports Italia ရုပ်သံတိုက်ရိုက် ထုတ်လွှင့်မှုအစီအစဉ်၌ အပြန်အလှန် အချင်းများခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အဒါနီကို ဘောလုံးအကြောင်း ဘာမှနားမလည်သူဟု ဝေဖန်ခဲ့ပြီးယင်းဝေဖန်မှုနှင့် ပတ်သက်၍ အဒါနီက " ဂျူဗင်တပ်စ်လို ပရိသတ်များစွာအားပေးနေတဲ့ အသင်းမျိုးကို ကိုယ်စားပြုနေသူတစ်ဦးအတွက် ကျိုးကြောင်းခိုင်လုံတဲ့စကားမျိုးပဲ ပြောသင့်ပါတယ်။  အေဂျက်စ်အသင်းကို ရှုံးပြီး ချန်ပီယံလိဂ်ပြိုင်ပွဲက ထွက်ခွာရချိန်မှာ သူ့အသင်းနည်းစနစ်နဲ့ ပတ်သက်ပြီး Analysis မလုပ်ခဲ့ပါဘူး။ ဂျူဗင်တပ်စ်အသင်းက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲသင့်နေပါပြီ။ စီးရီးအေချန်ပီယံဆုနဲ့ ဘယ်အချိန်အထိ ပရိသတ်ကိုနှစ်သိမ့်နေမှာလဲ။ ချီယေဗိုလိုအသင်းမျိုးကို အနိုင်ရဖို့အတွက် စီရော်နယ်လ်ဒိုကို သူတို့ခေါ်ယူခဲ့တာမဟုတ် ပါဘူး။ အယ်လီဂရီက ရုန့်ရင်းကြမ်းတမ်းသူတစ်ဦးပါ။ ကျွန်တော့်ကို ဘာမှမဟုတ်သူတစ်ဦးလို့ ဆိုခဲ့ပြီး သူ့ကိုမဝေဖန်ဖို့ ပြောတာဟာ လေးစားမှုမရှိတာပါ " ဟု ပြောကြားခဲ့သည်။

Most Read

Most Recent