မော်ရင်ဟိုအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် လီဂူးကလပ် (၃) သင်းအထိ အလိုရှိနေ

မော်ရင်ဟိုအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် လီဂူးကလပ် (၃) သင်းအထိ အလိုရှိနေ
Photos: Getty Images
Photos: Getty Images
Published 1 May 2019

 

ပြင်သစ်လီဂူးကလပ်များဖြစ်သည့် PSG၊ လိုင်ယွန်နှင့် မာဆေးလ် အသင်းတို့သည် မန်ယူအသင်းနည်း ပြဟောင်း မော်ရင်ဟိုအား နည်းပြသစ်အဖြစ် ခန့်အပ်ရန် အလိုရှိနေကြောင်း စပိန်အားကစားသတင်းစာ AS က ဖော်ပြခဲ့သည်။

အသက် (၅၆) နှစ်အရွယ်ရှိ ပေါ်တူဂီလူမျိုးနည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက မန်ယူအသင်း နည်းပြရာထူးမှ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။

မော်ရင်ဟိုက မိမိအနေဖြင့် လာမည့်ဘောလုံးရာသီတွင် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်လိုသည်ဟု ပြောဆိုထားပြီး ၎င်းကို အီတလီကလပ်များ နှင့် ပြင်သစ်ကလပ်များက စိတ်ဝင်စားနေခြင်းဖြစ်သည်။

PSG အသင်းသည် နည်းပြ တူဟယ်လ်နေရာတွင် မော်ရင်ဟိုကို အစားထိုးလိုနေသလို၊ ယခုရာသီကုန်တွင် နည်းပြ ဂျီနီဆီယို နှင့် လမ်းခွဲမည့် လိုင်ယွန်အသင်းကလည်း ၎င်းကို အလိုရှိနေသည်။ ထို့ပြင် မာဆေးလ် အသင်းကလည်း မော်ရင်ဟိုမှာ လီဂူးကို တိုးတက်အောင် လုပ်ပေးနိုင်သူဟု ယူဆနေပြီး ၎င်းကို ခေါ်ယူလိုနေကြောင်း သိရသည်။

Most Read

Most Recent