ဒူးဒဏ်ရာကြောင့် ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါ ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိ

ဒူးဒဏ်ရာကြောင့် ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါ ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 1 May 2019

ချယ်လ်ဆီးအသင်းနောက်ခံလူ ရူဒီဂါသည် ဒူးဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းနောက်ခံလူ ရူဒီဂါသည် ဒူးဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

အသက် (၂၆) နှစ်အရွယ်ရှိ ဂျာမနီနောက်ခံလူ ရူဒီဂါသည် ပြီးခဲ့သည့်စနေနေ့က မန်ယူအသင်းနှင့် (၁-၁)ဂိုးဖြင့်သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ရူဒီဂါသည် နည်းပြဆာရီလက်ထက်တွင် ချယ်လ်ဆီးအသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပြီး ယခုရာသီပြိုင်ပွဲစုံ (၄၄)ပွဲအထိ ပါဝင်ကစားခွင့်ရရှိထားသူဖြစ်သည်။

ချယ်လ်ဆီးအသင်းအနေဖြင့် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရသလို၊ ယူရိုပါလိဂ်ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်ကစားရမည်ဖြစ်ရာ  ရူဒီဂါဒဏ်ရာရရှိခဲ့ခြင်းမှာ နည်းပြဆာရီအတွက် ထိုးနှက်ချက်ဖြစ်လာခဲ့ကြောင်း ဗြိတိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ရူဒီဂါအနေဖြင့် မေလ (၂)ရက်နေ့တွင်ကစားမည့် ဖရန့်ဖတ်နှင့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ရာ ဆာရီအနေဖြင့် ယင်းပွဲစဉ်တွင် နောက်ခံအတွင်းလူနေရာ၌ ခရစ္စတန်ဆန်ကို ဒေးဗစ်လူးဝစ်နှင့် တွဲဖက်အသုံးပြုဖွယ်ရှိနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းတွင် ရူဒီဂါအပြင် အားထားရသည့် လူငယ်တောင်ပံကစားသမား အိုဒွိုင်းမှာလည်း ရာသီကုန်အထိအနားယူရမည်ဖြစ်ရာ ချယ်လ်ဆီးအသင်းအနေဖြင့် ရာသီလက်ကျန်ပွဲစဉ်များတွင် ပိုမိုရုန်းကန်ရဖွယ်ရှိနေသည်။

Most Read

Most Recent