မန်ချက်စတာမြို့ခံ (၂)သင်း၏ပစ်မှတ် အန်ဒွန်ဘီလီအား ဂျူဗင်တပ်စ်အသင်းထံရောင်းချရန် လိုင်ယွန်အသင်းဥက္ကဋ္ဌ ဆန္ဒရှိ

မန်ချက်စတာမြို့ခံ (၂)သင်း၏ပစ်မှတ် အန်ဒွန်ဘီလီအား ဂျူဗင်တပ်စ်အသင်းထံရောင်းချရန် လိုင်ယွန်အသင်းဥက္ကဋ္ဌ ဆန္ဒရှိ
Photo: Getty Images
Photo: Getty Images
Published 1 May 2019

လိုင်ယွန်အသင်းဥက္ကဋ္ဌ အော်လက်စ်၏ ပြောကြားချက်အရ အန်ဒွန်ဘီလီအားခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် မန်ချက်စတာမြို့ခံ (၂)သင်းအပါအဝင် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းနှင့် လီဂူးချန်ပီယံ PSG အသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။

လိုင်ယွန်အသင်း၏ ဥက္ကဋ္ဌဖြစ်သူ အော်လက်စ်က မိမိအနေဖြင့် မန်ချက်စတာမြို့ခံ (၂)သင်းနှင့် PSG အသင်းတို့စိတ်ဝင်စားနေသည့် အသင်းကွင်းလယ်လူ အန်ဒွန်ဘီလီအား  ဂျူဗင်တပ်စ်အသင်းထံရောင်းချရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

အသက် (၂၂)နှစ်အရွယ်ရှိ ပြင်သစ်ကွင်းလယ်လူ အန်ဒွန်ဘီလီသည် ယခုရာသီတွင် လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲအထိကစားထားကာ ခြေစွမ်းပြသနိုင်ခဲ့သဖြင့် ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကို ခံနေရသူလည်းဖြစ်သည်။

လိုင်ယွန်အသင်းဥက္ကဋ္ဌ အော်လက်စ်၏ ပြောကြားချက်အရ အန်ဒွန်ဘီလီအားခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များဖြစ်သည့် မန်ချက်စတာမြို့ခံ (၂)သင်းအပါအဝင် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းနှင့် လီဂူးချန်ပီယံ PSG အသင်းတို့က စိတ်ဝင်စားနေကြကြောင်း သိရသည်။

အော်လက်စ်က အန်ဒွန်ဘီလီအနေဖြင့် ဂျူဗင်တပ်စ်အသင်းတွင် ကွင်းလယ်လူယာနစ်နှင့် တွဲဖက်ကစားပါက ပိုမိုခြေစွမ်းပြနိုင်မည်ဟု ယုံကြည်နေပြီး ၄င်းကို ဂျူဗင်တပ်စ်အသင်းထံရောင်းချရန်သာ ဆန္ဒရှိနေကြောင်း အီတလီအားကစားသတင်းစာ Tuttosport နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

'' အန်ဒွန်ဘီလီကို ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတယ်ဆိုတာ အမှန်ပါပဲ။ အဲဒီလိုပဲ PSG၊ မန်ယူနဲ့ မန်စီးတီးအသင်းတို့ကလည်း အန်ဒွန်ဘီလီကို ခေါ်ယူချင်နေကြပါတယ်။ ဒါပေမဲ့ ရိုးသားစွာဝန်ခံရမယ်ဆိုရင် ကျွန်တော်ကတော့ အန်ဒွန်ဘီလီကို ဂျူဗင်တပ်စ်ကွင်းလယ်လူ ယာနစ်နဲ့ တွဲဖက်ကစားတာကို မြင်တွေ့ချင်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာပါ။ ငွေရေးကြေးရေးအကြောင်းကိုတော့ ကျွန်တော်မပြောချင်ပါဘူး။ ဒါပေမဲ့ အန်ဒွန်ဘီလီကို ခေါ်ယူလိုတဲ့အသင်းတွေက တူညီတဲ့ကမ်းလှမ်းမှုတွေသာ လုပ်ခဲ့မယ်ဆိုရင်တော့ ဂျူဗင်တပ်စ်အသင်းကိုပဲ ကျွန်တော်ရောင်းချသွားမှာပါ" ဟုပြောကြားခဲ့သည်။

ထို့ပြင် အော်လက်စ်က အန်ဒွန်ဘီလီမှာ မန်ယူအသင်း၏ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာကဲ့သို့ အရည်အသွေးရှိသည့် ကစားသမားမျိုးဖြစ်ကြောင်းနှင့် အန်ဒွန်ဘီလီက ခံစစ်အားသန်သည့်ကစားသမားမျိုးဖြစ်ကာ မိမိအနေဖြင့် အန်ဒွန်ဘီလီကို ပေါ့ဘာထက်ပိုကြိုက်ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent