ဟတ်ဒါဖီးလ်နှင့်ပွဲ၌ ကီတာသွင်းယူခဲ့သည့်အဖွင့်ဂိုးမှာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်အမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်

ဟတ်ဒါဖီးလ်နှင့်ပွဲ၌ ကီတာသွင်းယူခဲ့သည့်အဖွင့်ဂိုးမှာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်အမြန်ဆုံးဂိုးအဖြစ် မှတ်တမ်းဝင်
Photos: AFP,Getty Images
Photos: AFP,Getty Images
Published 28 April 2019

 

ဧပြီ ၂၆ ရက်က ဟတ်ဒါဖီးလ်အသင်းအား ငါးဂိုးပြတ်အနိုင်ရသည့်ပွဲ၌ လီဗာပူးလ်အသင်းအတွက် ကီတာသွင်းယူခဲ့သည့် အဖွင့်ဂိုးမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် လီဗာပူးလ်အသင်း၏ အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းအနေဖြင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကစားရမည်ဖြစ်သောကြောင့် ဟတ်ဒါဖီးလ်အသင်းနှင့် ပွဲစဉ် (၃၆)ကို သောကြာနေ့တွင် ကြိုတင်ကစားရခြင်း ဖြစ်သည်။ ပွဲအစ ၁၅ စက္ကန့်မှာပင် ဟတ်ဒါ ဖီးလ်ကွင်းလယ်လူ စတန်ကိုဗစ် နောက်ပြန်ပေးသည့်ဘောလုံး ဆာလာရရှိသွားပြီး ၎င်း၏ ပေးပို့မှုမှတစ်ဆင့် ကီတာက အဖွင့်ဂိုးအဖြစ် သွင်းယူခဲ့ခြင်းဖြစ်သည်။

ဇယားအောက်ဆုံးနေရာ၌ ရပ်တည်နေပြီး တန်းဆင်းသွားပြီဖြစ်သည့် ဟတ်ဒါဖီးလ်အသင်းသည် ကစားပုံမညံ့သော်လည်း အဆုံးသတ်ပိုင်းအားနည်းမှုကြောင့် အဝေးကွင်း၌ ဂိုးပြတ်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

တိုက်စစ်ကစားသမား ဆာလာ (၂၁ ဂိုး) နှင့် မာနေ (ဂိုး ၂၀) မှာလည်း ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုရပ်တည်မှုဇယားတွင် ထိပ်ဆုံး၌ အပြိုင်ဖြစ်လာကြောင်း သိရသည်။

Most Read

Most Recent