ဒေါ့မွန်အသင်းနည်းပြ လူစီယန်ဖာက ရှော်လ်ကေးအသင်းအား အိမ်ကွင်း၌ ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ချန်ပီယံအိပ်မက်စွန့်လွှတ်ခဲ့ရပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဒေါ့မွန်အသင်းသည် တန်းဆင်းဇုန် အန္တရာယ်ရှိနေသည့် ရှော်လ်ကေးအသင်းနှင့် ကစားရသော်လည်း ပထမပိုင်းမှာပင် (၂-၁) ဂိုးဖြင့် ရှုံးနိမ့်နေပြီး ဒုတိယပိုင်း မိနစ် ၆၀ တွင် အသင်းခေါင်းဆောင် မာကိုရွိုက်စ်နှင့် ၆၅ မိနစ်တွင် နောက်ခံလူ မာရီယပ်စ်ဝုလ်ဖ်တို့ အနီကတ်ဖြင့်ထုတ်ပယ်ခံရပြီးနောက် ဂိုးများ ထပ်ပေးရကာ (၄-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ယနေ့ကစားမည့် နုရင်ဘ်နှင့် ဘိုင်ယန်မြူးနစ်ပွဲတွင် ဘိုင်ယန်မြူးနစ် အသင်း အနိုင်ရပါက သုံးပွဲအလိုတွင် လေးမှတ်ကွာဟသွားမည်ဖြစ်ရာ လူစီယန်ဖာက ချန်ပီယံဆုအတွက် မဖြစ်နိုင်တော့ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။