ဗလင်စီယာ - အီဘာ (တနင်္ဂနွေနေ့ ညနေ ၄း၃၀ နာရီ)
ဒီပွဲအပြီး ယူရိုပါလိဂ်မှာ အာဆင်နယ်နဲ့ ကစားဖို့ရှိနေပေမယ့် လာလီဂါဘက်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်ကြောင့် ဗလင်စီယာ သေချာအားစိုက်ကစားပါလိမ့်မယ်။ အီဘာကလည်း တန်းမဆင်းရရေး စိတ်ချရလောက်တဲ့ အနေအထားမှာရှိနေလို့
အဝေးကွင်းပွဲတွေမှာ ပုံမှန်လောက်ပဲ ထိန်းကစားသွားတော့မယ့် ပုံမျိုးပေါ်နေတယ်။ ဗလင်စီယာနဲ့ ဂိုးအများပဲကြိုက်တယ်။
ဟီရိုနာ - ဆီဗီလာ (တနင်္ဂနွေနေ့ညနေ ၆း၃၀ နာရီ)
ဟီရိုနာရဲ့ တန်းဆင်းဇုန်မှဝေးရာရုန်းနေရသေးတဲ့ အနေ အထားက ဆီဗီလာရဲဲ့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို အတားအဆီးတစ်ခုလိုဖြစ်သွားစေနိုင်တယ်။ ဂီတာဖေးကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးလိုက်တဲ့ ဆီဗီလာကိုကြည့်ရင် အဝေးကွင်း
ခြေစွမ်းစိတ်မချရသေးဘူး။ ဒီတော့အမှတ်ရဖို့ ပိုအရေးကြီးနေတဲ့ ဟီရိုနာကိုပ ဲရွေးထားချင်တယ်။ ဂိုးများမယ်။
ဆိုစီဒက် - ဂီတာဖေး (တနင်္ဂနွေနေ့ ည ၈း၄၅ နာရီ)
ဒီပွဲကအိမ်ကွင်းမှာ ဆိုစီဒက်ရဲ့အားစိုက်မှုကိုပဲ အဓိက စောင့်ကြည့်ရမယ်ထင်တယ်။ ဂီတာဖေးကလည်း အမှတ်ရဖို့ တောက်လျှောက်အားထုတ်နေတာမှန်ပေမယ့် အဝေးကွင်းမှာ တော့ သတိထားနေရသေးတယ်။ ဂိုးနည်းသရေပွဲထင်တယ်။
ဗီလာရီးယဲလ် - ဟူဆကာ (တနင်္ဂနွေနေ့ည ၁၁းဝ၀ နာရီ)
ဗီလာရီးယဲလ်ကတော့ ဟူဆကာလိုအသင်းနဲ့ပွဲမှာ သေ ချာပေါက် (၃)မှတ်အပြည့်ယူထားနိုင်ဖို့ကြိုးစားလိမ့်မယ်။ ဟူဆကာကလည်း ရုန်းကန်ရင်းနဲ့ပဲ တန်းဆင်းရသလောက်ဖြစ်နေပြီဆိုတော့ သိပ်ပြီးလုပ်ပြနိုင်စရာလည်း မရှိနိုင်တော့ပါဘူး။ ဗီလာ
ရီးယဲလ်ကတော့ အိမ်ကွင်းပွဲတွေမှာ သတိကြီးကြီးထားကစားနေတာ တွေ့ရတယ်။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ကောင်းမယ်။
ဗယ်လက်ကာနို - ရီးယဲလ်မက်ဒရစ် (တနင်္လာနေ့နံနက် ၁း၁၅ နာရီ)
ရီးယဲလ်က ဆီဗီလာနဲ့ပွဲမတိုင်မီအထိ ဇီဒန်းလက်ထက် အဝေးကွင်းပွဲတွေမှာ ရုန်းကန်နေရတယ်။ ဒါကြောင့် ရီးယဲလ်မက်ဒရစ်အတွက် ဒီပွဲမှာစိတ်ဓာတ်ပိုင်းအပြောင်းအလဲမလုပ်နိုင်သေးရင်တော့ သိပ်မလွယ်နိုင်ဘူး။ ဗယ်လက်ကာနိုကလည်း
တန်းမဆင်းရရေးနောက်ဆုံးအဆုံးအဖြတ်ပွဲတစ်ပွဲလို အိမ်ကွင်းမှာ ရီးယဲလ်မက်ဒရစ်ကို ပြန်ရင်ဆိုင်လာမှာသေချာနေတယ်။ အစဉ်အလာတွေအရ ဗယ်လက်ကာနိုဟာ ရီးယဲလ်မက်ဒရစ်ရဲ့ငယ်နိုင်အသင်းတစ်သင်းလိုဖြစ်နေပေမယ့်လည်း တန်းမဆင်းရ
ရေးဆိုတဲ့ မျှော်လင့်ချက်အပြည့်နဲ့ ဒီတစ်ကြိမ်မှာ ရီးယဲလ်မက်ဒရစ်ကို အတတ်နိုင်ဆုံး တု့ံပြန်ရင်ဆိုင်တော့မှာပဲဖြစ်တယ်။ ဒါ ကြောင့် ရီးယဲလ်မက်ဒရစ်အနေနဲ့ ဗယ်လက်ကာနိုကို အရင်လိုသက်သောင့်သက်သာနဲ့ ရင်ဆိုင်ကျော်ဖြတ်ပြနိုင်ဖို့ မဖြစ်နိုင်ဘူး။
ဒီကြားထဲရီးယဲလ်မက်ဒရစ်ရဲ့အဝေးကွင်းကစားပုံကလည်း ဇီဒန်းလက်ထဲမှာ သိသိသာသာအားလျော့သွားသလို အသင်းတိုက်စစ်က ဂိုးရဖို့ကိုလည်း ဘန်ဇီမာကိုပဲ အားကိုးနေရတဲ့အခြေအနေမျိုးဖြစ်နေတယ်။ ဗယ်လက်ကာနိုက အိမ်ကွင်းနောက်ဆုံး (၃)
ပွဲဆက်ရှုံးပွဲမရှိတဲ့အပြင် ရုန်းအားလည်းကောင်းနေတယ်။ ဗယ်လက်ကာနိုနဲ့ ဂိုးအနည်းပဲကြိုက်တယ်။