ပြိုင်ပွဲစုံ ပွဲ(၁၀၀)ပြည့်မြောက်သည့် ဆာလာကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ချီးကျူး

ပြိုင်ပွဲစုံ ပွဲ(၁၀၀)ပြည့်မြောက်သည့် ဆာလာကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ချီးကျူး
Photos : AFP
Photos : AFP
Published 27 April 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် ဟတ်ဒါဖီးလ်အား (၅-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ပြိုင်ပွဲစုံပွဲ(၁၀၀)ပြည့်မြောက်ခဲ့သည့် အသင်းတိုက်စစ်ကစားသမား ဆာလာအား ချီးကျူးမှုများ ပြုလုပ်ခဲ့သည်။

ဆာလာသည် ဟတ်ဒါဖီးလ်နှင့်ပွဲတွင် အသင်းအတွက် တတိယနှင့် ပဥ္စမမြောက်ဂိုးများကို သွင်းယူပေးခဲ့ပြီး ပွဲ(၁၀၀)တွင်သွင်းဂိုးပေါင်း (၆၉)ဂိုးအထိ ရှိလာခဲ့သည်။

၎င်းအနေဖြင့် ပွဲ(၁၀၀)ပြည့်ချိန်တွင် သွင်းဂိုးအများဆုံးအဖြစ် ယခင် (၆၈)ဂိုးစီသွင်းယူထားသည့် ရော်ဂျာဟန့်၊ ဆမ်ရေဘိုးတို့ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်ခဲ့သည်။

'' ဒါဟာ သူ့အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါ။ ပြီးခဲ့တဲ့ရာသီက ဂိုးကန်သွင်းခွင့်ရတိုင်း ဂိုးသွင်းယူနိုင်ခဲ့လို့ အခုနှစ်ဟာ သူ့အတွက် အရေးကြီးပါတယ်။ လူတွေက သူ့ကို အမှန်တကယ်စောင့်ကြည့်နေတာပါ'' ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။

ဆာလာသည် ယခုရာသီ ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင်လည်း အဂွဲရိုး၊ အူဘာမီယန်းတို့နှင့် အတူရှိနေရာမှ (၂၁)ဂိုးဖြင့် ထိပ်ဆုံးတွင် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ခဲ့သည်။

ထို့ပြင် ပရီးမီးယားလိဂ်(၂)ရာသီဆက် ဂိုး(၂၀)နှင့်အထက် သွင်းယူနိုင်သည့် ရော်ဘီဖောင်လာ(၁၉၉၄-၉၅၊ ၁၉၉၅-၉၆)၊ လူးဝစ်ဆွာရက်ဇ်(၂၀၁၂-၁၃၊ ၂၀၁၃-၁၄)တို့ပြီးနောက် တတိယမြောက် လီဗာပူးလ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။



 

Most Read

Most Recent