မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက လေးလအတွင်း တရားမဝင်သစ် တန် ၉၀၀ ကျော် ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက လေးလအတွင်း တရားမဝင်သစ် တန် ၉၀၀ ကျော် ဖမ်းမိ
Published 29 August 2017

မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးစနစ် ဧပြီ ၁ ရက်မှ ဇူလိုင်လကုန်အထိ တရာမဝင်သစ် ဖမ်းဆီရမူ သစ်တန်ပေါင်း ၉၉၉ ဒသမ ၀၀၅၈ တန် ဖမ်းဆီးရမိကြောင်း မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

“သစ်တောဦးစီးဌာန အနေနဲ့ပေါ့။ ဧပြီ ၁ ရက်ကနေ ဇူလိုင်လကုန်အထိ ကျွန်းက ၁၅၂ ဒသမ ၉၅၂၃ တန် သစ်မာ ၄၇၂ ဒသမ ၆၆၅၆ တန် အခြားသစ် ၃၇၃ ဒသမ ၃၈၇၉ ပေါ့။ စုစုပေါင်း ၉၉၉ ဒသမ ၀၀၅၈ တန် ဖမ်းဆီးရမိတယ်။ တရားမဝင်သစ် ဖမ်းဆီးရေးကို ကျွန်တော်တို့အနေနဲ့ အရှိန်အဟုန်းမြင့် ဆောင်ရွက်နေတယ်။ သစ်က ကျွန်တော်တို့တိုင်းက ထွက်တာနည်းတယ်။ အဓိက အနီးစပ်တာ စစ်ကိုင်းတိုင်း ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မဘိမ်းတို့ ဘက်ကနေဝင်လာပြီး ကျွန်တော်တို့တိုင်းထဲကနေ တစ်ဖက်နိုင်ငံကို တင်ပို့ဆောင်ရွက်မယ့် ကိစ္စတွေ လုပ်ဆောင်ကြတယ်။ အဲဒီအတွက်ကို နည်းလမ်းပေါင်းစုံဖြင့် ရှာဖွေဖမ်းဆီးကြတယ်။ အဓိက ကုန်လမ်းနဲ့ ဝင်တာများတယ်။ ရေလမ်းကြောင်း ဧရာဝတီမြစ်ကြောင်းပေါ့။ တစ်ခါတလေ ကချင်ပြည်နယ်ကနေ ဆင်းလာတဲ့ သစ်တွေလည်း ရှိတယ်။ ရေလမ်းကြောင်းနဲ့မိတာစာရင် ကုန်လမ်းကြောင်းက မိတာများတယ်” ဟု ညွှန်ကြားရေးမှူး ဦးမြင့်သိန်းက ပြောကြားသည်။

Most Read

Most Recent