ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး လမ်းကြောင်းများ ပြတ်တောက်လျက်ရှိ

ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး လမ်းကြောင်းများ ပြတ်တောက်လျက်ရှိ
Published 28 July 2018

ဓာတ်ပုံ - ဘိုဘိုမြင့်

မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ ကျဆင်းမှုကြောင့် ပေါ်ရှိ ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး လမ်းကြောင်းများ ပြတ်တောက်နေဆဲ ဖြစ်ကြောင်း သိရသည်။

သထုံမြို့နယ် ဒုံဝန်းကျေးရွာဘက်မှ စတင်ကာ ဘီးလင်းမြို့နယ် ရွှေရောင်ကျေးရွာ၊ တောင်ကလေးကျေးရွာ၊ ဒေါက်ရပ်ကျေးရွာနှင့် ဘီးလင်းမြို့ သကြားစက်အနီး ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်ဆဲဖြစ်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၈ ရက် မွန်းလွှဲ ၁ နာရီအချိန်အထိ ဘီးလင်းမြို့ အနီးဝန်းကျင်၌ မိုးရွာသွန်းမှု မရှိပဲ တောင်ကျရေများမှာလည်း ယမန်နေ့ထက် ၁ ပေခန့် လျော့ကျသွားကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူများ၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာ မိုင်တိုင် ၁၂၉/၅ အနီးလှေဆိပ်၌လည်း မဖြစ်မနေ ခရီးသွားမည့် သူများထံမှ လှေစီးခ အဆမတန် တောင်းခံမှုများ ရှိနေကြောင်း သိရသည်။

Most Read

Most Recent