မဒေးကျွန်း ရေနံတင်ဆိပ်ကမ်းနှင့် မိုင်ဝက်ခန့်အကွာတွင် ရေနံချေးဟုယူဆရသော အရည်များ မြစ်ပြင်၏ ငါးမိုင်ခန့်အတွင်း ပျံ့နှံ့နေဟုသိရ

မဒေးကျွန်း ရေနံတင်ဆိပ်ကမ်းနှင့် မိုင်ဝက်ခန့်အကွာတွင် ရေနံချေးဟုယူဆရသော အရည်များ မြစ်ပြင်၏ ငါးမိုင်ခန့်အတွင်း ပျံ့နှံ့နေဟုသိရ
Published 28 July 2018

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ရေနံတင်ဆိပ်ကမ်းနှင့် မိုင်ဝက်ခန့်အကွာ အထက်ဘက်တွင် ရေနံချေးဟုယူဆရ သော အရည်များ သံဇိတ်မြစ်ပြင်၏ ငါးမိုင်ခန့် အတွင်း ပျံ့နှံ့နေကြောင်း သိရသည်။

အဆိုပါမြစ်ပြင်တစ်ကြောတွင် ရေများမှာ သံချေးရောင်ရေများ ဖြစ်ပေါ်နေပြီး ယင်း သို့ဖြစ်ပေါ်နေသော နေရာများတွင် ငါး၊ ပုစွန်များ ဖမ်းဆီး၍မမိနိုင်ကြောင်း၊ ဒေသခံများအနေဖြင့် နေ့စဉ်သွားလာနေကြသော်လည်း မြစ်ပြင်တွင် တစ်ကြိမ်တစ်ခါမျှ ထိုသို့ဖြစ်နေ သည်ကို မတွေ့ရှိရသဖြင့် ထူးဆန်းသည့်ဖြစ်ရပ်တစ်ခုဟု သုံးသပ်ကြောင်းနှင့် ရေများကို ရေသန့်ဘူးခွံအတွင်း ထည့်ထားပါက ၁၅ မိနစ် ခန့်တွင် အင်ဂျင်ဝိုင်ကဲ့သို့သော အနည်များ တွေ့ရှိရကြောင်း သွားရောက်လေ့လာသူများက ဆိုသည်။

“ကျွန်တော်တို့ကပညာရှင်မဟုတ်တော့ ဘာလဲဆိုတာ အတိကျပြောဖို့ခက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က စက်လှေငှားပြီး အဲဒီနေရာတွေကို သွားရောက်ခဲ့တော့ မဒေးကျွန်း အထက်ဘက် သံဇိတ်မြစ်ရဲ့ရေမိုင် ငါးမိုင်လောက်အရှည်မှာ အဲဒီလို သံချေးရောင် နောက်ကျိနေတဲ့ရေတွေကို  တွေ့တယ်။ ကျွန်တော်တို့က ရေသန့်ပုလင်းထဲ ထည့်ကြည့် တော့ ၁၅ မိနစ်လောက်ဆိုရင် အနည်ထိုင်လာတယ်။ အဲဒီအနည်တွေဟာ အင်ဂျင်ဝိုင်အဟောင်းတွေလိုပေါ့။ စက်သုံးဆီအဟောင်းတွေလိုဖြစ်နေတာ တွေ့ရတယ်။ ရေတွေကိုလည်း ယူဆောင်လာခဲ့တယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုမဟုတ်ဘူးလို့လည်း ကျွန်တော်တို့က ယူဆတယ်။ ဒီမြစ်ထဲမှာ နှစ်ပေါင်းများစွာ သွားလာနေထိုင်ခဲ့တယ်။ တစ်ခါမှ အဲဒီလို မတွေ့ခဲ့ဘူး။ ပြီးတော့ အောက်ပိုင်းမှာလည်း အခုလိုမျိုးဖြစ်တာ မတွေ့ဘူး။ ဒေသခံတွေ ပြောတာကတော့ အဲဒီနေရာမှာ ဒီလိုဖြစ်နေတာ တစ်ပတ်လောက်ရှိပြီလို့ သိရတယ်”ဟု ကိုယ်တိုင်သွားရောက်ခဲ့သူဦးထွန်းကြည်က ပြောကြားသည်။

ထို့ပြင် ယင်းဖြစ်စဉ်သည် သာမန်ဖြစ်ရိုး ဖြစ်စဉ်တစ်ခုမဟုတ်ကြောင်းနှင့် ဓာတုဗေဒ ပစ္စည်းများပါဝင်နေသည်ဟု သုံးသပ်ကြောင်း နှင့် ရေထုညစ်ညမ်းမှုဖြစ်ပေါ်နေခြင်းအပေါ် အထူးသတိထားကြရန်လိုအပ်ကြောင်း၊ အခြေ အနေကိုအတိအကျမသိသော်လည်း လူတို့၏ လုပ်ဆောင်ချက်ကြောင့်သာဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။ “အညာရေပေါက် လို့ ရေနောက်ကျိသွားတယ်ဆိုရင်တောင် ရွှံ့ရည်လိုဖြစ်နေတတ်တယ်။ အခုဟာကသံချေးလို ဖြစ်နေတော့ သေချာဓာတ်ခွဲစမ်းသပ်မယ်ဆိုရင် သိရမှာဖြစ်ပါတယ်။ ဖြစ်နိုင်တာက ရေနံချေးတွေဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကျွန်တော့်အနေနဲ့ အတိအကျတော့မပြောနိုင်ဘူးပေါ့” ဟု ဦးထွန်းကြည်က ပြောကြားသည်။

အလားတူသွားရောက်လေ့လာခဲ့သော ကိုဇာနီထက်ကလည်း မြစ်ပြင်အတွင်း သဘာဝကြောင့် မဟုတ်သောအရည်တစ်မျိုးပျံ့နှံ့နေသည်မှာ မှန်ကန်ကြောင်း၊ မြစ်ပြင်မှရေကို ပုလင်းတွင် ထည့်ထားပါက ခဏအကြာ၌ စက်သုံးဆီ အဟောင်းကဲ့သို့ ချွဲပျစ်သောအ နည်တစ်မျိုးရရှိကြောင်း၊ တခြားနေရာများ တွင်မရှိသော်လည်း သံဇိတ်မြစ်အတွင်းငါး ပိုင်ခန့်တွင် ပျံ့နှံ့နေသည်တွေ့ရကြောင်း၊ ယခု ရက်ပိုင်းအတွင်း ယင်းနေရာများတွင် ငါး ပုစွန် ဖမ်းဆီးပါကလည်း မမိနိုင်ဟု ဒေသခံ များက ပြောဆိုကြောင်းလည်း ပြောကြား သည်။

Most Read

Most Recent