မြဝတီမြို့နယ် ကျေးရွာချင်းဆက်လမ်းရှိ တံတားပြိုကျမှုကြောင့် သွားလာရေးခက်ခဲနေ

မြဝတီမြို့နယ် ကျေးရွာချင်းဆက်လမ်းရှိ တံတားပြိုကျမှုကြောင့် သွားလာရေးခက်ခဲနေ
Published 28 July 2018

မြဝတီမြို့နယ် ကျေးရွာချင်းဆက်လမ်းရှိ တံတားပြိုကျစဉ်

ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်းဖြစ်သော အတွင်းမဲကနယ်သွားလမ်းပေါ်မှ မဲကနယ်တံတားမှ သည် ဇူလိုင်၂၅ ရက် ည ၈ နာရီခန့်တွင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းကြောင့်  ဒေသခံပြည်သူများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

ယင်းတံတားကျိုးကျပျက်စီးရခြင်းမှာ တံတားအနီးနှင့် ချောင်းရိုးတစ်လျှောက်တွင် သဲကျောက် အလွန်အမင်းထုတ်ယူနေခြင်းကြောင့် ဖြစ်သည်ဟု အတွင်းမဲကနယ်ရွာသားများက ပြောကြားသည်။

“ည ၈ နာရီလောက်က ဒီတံတားကျိုးခဲ့တာဖြစ်ပါတယ်။ ချောင်းရေတက်တာက အရင်တုန်းလည်း ဒီလောက်ပဲတက်တာ တံတား မကျိုးပါဘူး။ အခု ဒီတံတားကျိုးရတာ ကမဲကနယ်ချောင်းအတွင်းနဲ့ တံတားအောက်ခြေမှာ သဲကျောက်တွေ မတရားထုတ်ယူနေ လို့ အခုလိုဖြစ်ရတာပါ။ အဲဒီလိုသဲကျောက်တွေ မတရား ထုတ်ယူနေတဲ့အကြောင်း ကန့်ကွက်စာကို ကျွန်မတို့တာဝန်ရှိတဲ့ ဌာနအသီးသီးကို တိုင်ကြားခဲ့ပေမယ့် အရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့တဲ့အတွက် အခုဆိုရင် ကျွန်မတို့ ရွာသူရွာသားတွေ လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကအားထားရတဲ့ တံတားကျိုး တဲ့အထိ ဖြစ်သွားခဲ့ရပါတယ်” ဟု အတွင်း မဲနယ်ရွာတွင် နေထိုင်သူနော်ထူးထူးက ဆိုသည်။

မြဝတီမြို့မှ ၁၂ မိုင်ခန့် ကွာဝေးသော အတွင်းမဲကနယ်ရွာကို ပေါင်းကူးဆက်သွယ်ထားသောအဆိုပါ တံတားသည်  လွန်ခဲ့သည့် လေးနှစ်ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်ကာ မည်သည့် ဌာနဆိုင်ရာ ဘတ်ဂျက်နှင့်မျှမပါဘဲ  အတွင်းမဲကနယ်ရွာသူ/သားများ၏ အလှူ ငွေဖြင့် ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သောတံတားဖြစ်ပြီး  အရှည်ပေ ၆၀ ခန့်ရှိ ကြောင်း သိရသည်။

Most Read

Most Recent