ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်သူများအား စစ်ဆေးနေသည့် ခရိုင်တရားသူကြီး နေရာတွင် တရားသူကြီးအသစ် ပြောင်းလဲ စစ်ဆေးမည်

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင်သူများအား စစ်ဆေးနေသည့် ခရိုင်တရားသူကြီး နေရာတွင် တရားသူကြီးအသစ် ပြောင်းလဲ စစ်ဆေးမည်
Published 26 July 2018

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား စစ်ဆေးနေသည့် ခရိုင်တရားသူကြီးနေရာတွင် တရားသူကြီးအသစ် ပြောင်းလဲ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများ၏ အမှုများအား ခုနစ်လနီးပါး စစ်ဆေးခဲ့သည့် ဒက္ခိဏခရိုင် တရားသူကြီး ဦးလှဝင်းမှာ သက်ပြည့်ပင်စင်ဖြင့် အနားယူမည် ဖြစ်သဖြင့် ၎င်းနေရာတွင် တရားသူကြီးအသစ်က ပြောင်းလဲတာဝန်ယူ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၂၅ ရက်က ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား ခရိုင်တရားသူကြီး ဦးလှဝင်းက နောက်ဆုံး စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တရားသူကြီးအသစ် ရောက်ရှိခြင်း မရှိပါက ဒုတိယခရိုင် တရားသူကြီး ဦးခင်မောင်ထွေးက ဆက်လက် စစ်ဆေးမည်ဖြစ်သည်။

တရားသူကြီး ဦးလှဝင်းက “သက်ပြည့်ပင်စင်နဲ့ အနားယူမှာဖြစ်တဲ့အတွက် နောက် တရားသူကြီးက ဆက်စစ်မယ်။ ကျွန်တော့်အစား နောက်တရားသူကြီး မလာရင် ဒုတိယ တရားသူကြီးက ဆက်စစ်မယ်”ဟု တရားခွင်၌ ပြောကြားသည်။ တရားသူကြီး ဦးလှဝင်း နောက်ဆုံး စစ်ဆေးရာတွင် မူးယစ်မှု၊ လက်နက်မှု၊ မြန်မာနိုင်ငံ လျှို့ဝှက်ဥပဒေပုဒ်မနှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မတို့မှ တရားလိုပြ သက်သေ ရာအိမ်မှူး ဦးဝင်းအောင်အား စစ်ဆေးခဲ့ကြောင်း သိသည်။

ဖြိုးကိုကိုတင့်ဆန်းနှင့် ပါဝင် ပတ်သက်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တွင် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၃ မှုမှ စစ်ဆေးရန် တရားလိုပြသက်သေ ၄၀၃ ဦးရှိပြီး လက်ရှိတွင် တရားလိုပြသက်သေ ၁၄၀ ကျော် စစ်ဆေးထားကြောင်း သိရသည်။ ရန်ကုန်မြို့ တွင် တရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ ခုနစ်မှုမှ တရားလိုပြသက်သေ ၁၃၆ ဦးနှင့် ရာဇဝတ် အထွေထွေအမှုဖြစ်သည့် တရားခံပြေးမှု လေးမှုမှ တရားလိုပြ သက်သေ ၈၀ ရှိသော်လည်း တရားလိုပြ သက်သေပေါင်း ၂၁၆ ဦးအား စစ်ဆေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Most Read

Most Recent