မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ စကားပြောနေသူများအား ဝင်ရောက်တိုက်မိရာမှ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိ

မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ စကားပြောနေသူများအား ဝင်ရောက်တိုက်မိရာမှ တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိ
Published 2 March 2018

မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် မော်လမြိုင်-မုဒုံကားလမ်း (ကျိုက္ခမီလမ်းမကြီး) တွင် ဖေဖော်ဝါရီ ၂၈ ရက် ည ၁၁ နာရီခွဲခန့်က မော်တော်ယာဉ်တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ စကားပြောနေသူများအား တိုက်မိခဲ့ရာ တစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် မော်လမြိုင်-မုဒုံကားလမ်း (ကျိုက္ခမီလမ်းမကြီး) (A-1) လက်ဖက်ရည်ဆိုင်အနီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇၇)ယာဉ်ထိန်းရုံးမှ ရဲအုပ်ကျော်ဇင်နိုင်မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မုဒုံဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း (စိစစ်ဆဲ) မောင်းနှင်လာသော အနက်ရောင်ယာဉ်တစ်စီးမှ ရှေ့လားရာတူ ရှေ့မှမောင်းနှင်နေသည့်ယာဉ်၏ ယာဘက်မှ ကျော်တက်စဉ် ယာဘက်လမ်းဘေးတွင် ဆိုင်ကယ်ရပ်၍ စကားပြောနေသူများဖြစ်ကြသည့် မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်၊ တောင်ရိုးတန်နေ ယာဉ်မောင်း ဖြိုးဝေထွန်း (၂၃နှစ်) (ဘ)ဦးတင်ထွန်း မောင်းနှင်ပြီးနောက်တွင် ဈေးကြိုရပ်ကွက် ကွင်းကျောင်း၊ ဆီဆုံလမ်းနေ သက်ပိုင် (၂၃နှစ်) (ဘ) ဦးစိုးမင်း စီးနင်းလာသည့် 51,/23977 Yamaha FZ အမျိုးအစား အစိမ်း+အမည်းဆိုင်ကယ်၊ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် တောင်ရိုးတန်းလမ်းနေ ယာဉ်မောင်းစံမြင့် (၂၆နှစ်) (ဘ) ဦးမောင်မောင် မောင်းနှင်သည့် နံပါတ်မပါ Yamaha FZ အမျိုးအစား အမဲရောင် ဆိုင်ကယ်နှင့် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ကွင်းရပ်၊ ကျိုက္ခမီလမ်းနေယာဉ်မောင်း ပြည့်ဖြိုးဟိန်း (၂၁နှစ်) (ဘ) ဦးသိန်းမြင့် မောင်းနှင်သည့် Honda Doris- 125 အမျိုးအစား အဖြူ+အနီရောင်ဆိုင်ကယ်တို့အား အရှိန်မထိန်းနိုင်ဘဲ တိုက်မိခဲ့ပြီး ယာဉ်မှာ အခင်းဖြစ်ပွားပြီးနေရာမှ ရပ်တန့်ခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယာဉ်တိုက်မှုကြောင့် ဖြိုးဝေထွန်းတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ၊ နား/နားခေါင်း သွေးထွက်ဒဏ်ရာ၊ သက်ပိုင်တွင် ယာဘက် ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ စံမြင့်တွင် ခါးနာကျင်ဒဏ်ရာ၊ ပြည့်ဖြိုးဟိန်းတွင် ယာဘက်ခြေသလုံး ပွန်းခြစ်ဒဏ်ရာများရရှိခဲ့ပြီး မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စဉ် ဖြိုးဝေထွန်းမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း (စုံစမ်းဆဲ) အပေါ် မုပွန်နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၁၂/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄ (က)/၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent