စတော့အိတ်ချိန်း၏ စက်တင်ဘာလ အရောင်းအဝယ်ဖြစ်မှု ကျပ်သိန်း ၉၅၀၀ ကျော်သာရှိပြီး MCB ရှယ်ယာ ကျပ်၂၉၇ သိန်းကျော်နှင့် TMH ရှယ်ယာ ကျပ် ၃၇၇ သိန်းကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်

စတော့အိတ်ချိန်း၏ စက်တင်ဘာလ အရောင်းအဝယ်ဖြစ်မှု ကျပ်သိန်း ၉၅၀၀ ကျော်သာရှိပြီး MCB ရှယ်ယာ ကျပ်၂၉၇ သိန်းကျော်နှင့် TMH ရှယ်ယာ ကျပ် ၃၇၇ သိန်းကျော်သာ အရောင်းအဝယ်ဖြစ်ပေါ်
Published 4 October 2018

ရန်ကုန်စတော့အိတ်ချိန်း၏ စက်တင်ဘာလအရောင်းအဝယ်ဖြစ်မှု ကျပ်သိန်း ၉၅၀၀ ကျော်သာရှိပြီး MCB ရှယ်ယာမှာ ကျပ်၂၉၇ သိန်းကျော်နှင့် TMH ရှယ်ယာမှာ ကျပ် ၃၇၇ သိန်းကျော်သာ အရောင်းအ ဝယ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

FMI ၏ ရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ကျပ် ၁၀၀ နှင့် အစုရှယ်ယာ ၂၀ လျှင် ရှယ်ယာတစ်စု Bonus Share ခွဲဝေပေးမှု၊ MTSH ရှယ်ယာတစ်စု ကျပ် ၂၃၀၊ FPB ရှယ်ယာတစ်စု ကျပ် ၂၀၀၀၀၊ MCB ရှယ်ယာတစ်စု ကျပ် ၂၀၀ နှင့် TMH ရှယ်ယာတစ်စု ကျပ် ၂၀၀ အမြတ်ခွဲဝေပေးမည်ဟု ကြေညာခဲ့မှုများကြောင့် ရန်ကုန်စတော့ အိတ်ချိန်း၏ ဇူလိုင်လအရောင်းအဝယ်ဖြစ်မှု ပြန်လည်မြင့်တက်လာပြီး ယခုနှစ်အတွင်း အများဆုံးအဖြစ် ကျပ် ၁ ဒသမ ၂၃ ဘီလျံ ကျော် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီးနောက် သြဂုတ်လတွင်လည်း ဆက်လက်မြင့်တက်ခဲ့ကာ ယခုနှစ်ရှစ်လအတွင်း အများဆုံးအဖြစ် ကျပ် ၁ ဒသမ ၅ ဘီလျံကျော်ဖိုး ရောင်းချနိုင်ခဲ့ပြီးနောက် စက်တင်ဘာလတွင် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။



ရန်ကုန်စတော့အိတ်ချိန်း၏ စက်တင်ဘာအတွင်း အရောင်းအဝယ်ဖြစ်ပေါ်မှုများမှာ FMI က ကျပ်သိန်း ၃၃၀၀ ကျော်၊ MTSH က ကျပ်သိန်း  ၄၇၀၀ ကျော်၊ FPB က ကျပ် ၇၁၆ သိန်းကျော်၊ MCB ရှယ်ယာမှာ ကျပ်၂၉၇ သိန်းကျော်နှင့် TMH ရှယ်ယာမှာ ကျပ် ၃၇၇ သိန်းကျော် အရောင်းအဝယ်ဖြစ်ပေါ်ထားသည်။

ရန်ကုန်စတော့အိတ်ချိန်း သုံးနှစ်ကျော်သက်တမ်းအတွင်း အစုရှယ်ယာအရောင်းအဝယ်ဖြစ်မှု စံချိန်တင်အနည်းဆုံးအဖြစ် ယခုနှစ် ဇွန်တွင် ကျပ်သိန်း ၆၆၆၀ ကျော်သာ အရောင်းအဝယ်ဖြစ်မှုနှင့် စံချိန်တင်ထားပြီး အများဆုံးအရောင်းအဝယ်ဖြစ်သည့်ကာလမှာ စတင်ရောင်းချသည့် ၂၀၁၆ ခုနှစ် မတ် လဖြစ်ကာ FMI ကုမ္ပဏီတစ်ခုတည်းမှ ကျပ် ၂၄ ဘီလျံကျော်ဖိုး ရောင်းချထားသည်။

ရန်ကုန်စတော့အိတ်ချိန်းရှိ အစုရှယ်ယာများမှာ အောက်တိုဘာ ၃ ရက် အရောင်း အဝယ် ဖြစ်ပေါ်မှု၌  FMI ရှယ်ယာတစ်စုလျှင် ကျပ် ၁၀၅၀၀၊ MTSH ရှယ်ယာတစ်စု ကျပ် ၂၉၅၀၊ MCB ရှယ်ယာတစ်စု ကျပ် ၇၃၀၀၊ FPB ရှယ်ယာတစ်စု ကျပ် ၂၃၅၀၀ နှင့် TMH ရှယ်ယာတစ်စု ကျပ် ၂၇၅၀ ဖြင့် အရောင်းအဝယ် ဖြစ်ပေါ်နေသည်။

Most Read

Most Recent