ကျိုက်ထီးရိုးကောင်းကင် ကေဘယ်ကြိုးရထား ဒီဇင်ဘာ ၁၅ ရက်တွင် ဖွင့်လှစ်မည်

ကျိုက်ထီးရိုးကောင်းကင် ကေဘယ်ကြိုးရထား ဒီဇင်ဘာ ၁၅ ရက်တွင် ဖွင့်လှစ်မည်
Published 14 December 2017

မြန်မာနိုင်ငံ၏ ပထမဆုံး Cable Car ဖြစ်လာမည့် ကျိုက်ထီးရိုးကောင်းကင် ကေဘယ်ကြိုးရထား (Cable Car) အား ဒီဇင်ဘာ ၁၅ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ Construction Director ဦးနောင်ရဲအောင်က ဆိုသည်။

“Cable Car တွေကို Weight Test တွေရော၊ Brake တွေရော အားလုံးအောင်မြင်စွာ စမ်းသပ်ပြီးသွားပါပြီ။ နောက်ပြီးတော့ အရေးပေါ်အသက်ကယ် သင်တန်းတွေလည်း ပေးပြီးသွားပြီ။ အားလုံးလည်း အဆင်သင့်ဖြစ် နေပါပြီ။ အဲဒီအတွက် ဒီဇင်ဘာ ၁၅ ရက်မှာ ကျိုက်ထီးရိုးကောင်းကင် ကေဘယ်ကြိုးရထား(Cable Car)  စတင်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ အဲဒီနေ့မှာ ကျိုက်ထီးရိုး ဘုရားဖူးလာကြမယ့်သူတွေကို အခမဲ့စီးနှင်းခွင့် ပေးသွားမှာ ဖြစ်ပါတယ်” ဟု ကျိုက်ထီးရိုးကောင်းကင်ကေဘယ် ကြိုးရထား Cable Car စီမံကိန်းမှ အဆောက်အအုံပိုင်းကို တာဝန်ယူတည်ဆောက်ပေးခဲ့သည့် ရတနာရွှေဆင်ကြီးကုမ္ပဏီမှ Construction Director ဦးနောင်ရဲအောင်က ပြောကြားသည်။

Cable Car စီးနှင်းခအဖြစ် တစ်ဦးလျှင် အတက်၊ အဆင်း ကျပ် ၆၀၀၀၊ နိုင်ငံခြားသားတစ်ဦးလျှင် အတက်၊ အဆင်း ဒေါ်လာ ၂၀ သတ်မှတ်ထားကြောင်း၊ လက်မှတ်များတွင် ခရီးသွားအာမခံ ပါဝင်ပြီး IKBZ နှင့် ချိတ်ဆက် စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ တစ်တွဲလျှင် ရှစ်ယောက်ခန့်စီးနိုင်ပြီး အများဆုံးကြာချိန်မှာ ရှစ်မိနစ်မှ ၁၅ မိနစ်အတွင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent