ကလေးမြို့နယ်တွင် ပွဲကြည့်ပြန်လာသူများ ကားတိုက်ခံရပြီး ယာဉ်တိမ်းမှောက်ကာ သုံးဦးသေဆုံး

ကလေးမြို့နယ်တွင် ပွဲကြည့်ပြန်လာသူများ ကားတိုက်ခံရပြီး ယာဉ်တိမ်းမှောက်ကာ သုံးဦးသေဆုံး
Published 3 November 2017

ကလေးမြို့နယ် ကံသာယာကျေးရွာ မြသိန်းတန်ဘုရားပွဲမှ ပွဲကြည့်ပြန်လာသူများကို ကားဖြင့်တိုက်မိပြီး ယာဉ်ပါတိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်ပေါ်လိုက်ပါခဲ့သူ ၁၅ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃ ရက် နံနက် ၂ နာရီခွဲတွင် ကံကြီးကျေးရွာမှ ဝင်းကို (ထွက်ပြေး) မောင်းနှင်သည့် SGG-4H/ ---- NISSAN DYNA အမျိုးအစားယာဉ်သည် ကံဦးကံသာကျေးရွာ မြသိန်းတန်ဘုရားပွဲမှ ကံကြီးရွာသို့အပြန် ကလေး-တမူး လမ်းမကြီးပေါ် ကံသာယာကျေးရွာ ကံသစ်ရပ်မြောက်ဖက် ကိုက် ၁၀၀ ကျော်ခန့်အရောက်တွင် ကလေး-တမူးကားလမ်းအတိုင်း တောင်မှ မြောက်သို့ လမ်းဘေးမှနေပြီး လမ်းလျှောက်သွားနေသည့် ဒေါ်စန်းဌေး (၄၅ နှစ်)၊ မအေးချမ်းမေ (၂၅ နှစ်)၊ မောင်ခန့်သူရအောင် (နှစ် နှစ်) တို့ သုံးဦးအား နောက်မှဝင်တိုက်မိရာ အတိုက်ခံရသူသုံးဦးစလုံး အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားပြီး ယာဉ်သည် လမ်းဘေးရှိ သစ်ပင်များနှင့် ဝင်ရောက်တိုက်မိရာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည့် ၁၅ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ကလေးမြို့ မြို့မရဲစခန်းတွင် စခန်းကြီးကျေးရွာရဲကင်း စခန်းမှ ရဲအုပ်လယ်မန်က တရားလိုပြုလုပ်၍ (ပ) ၉၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၃၇/ ၃၃၈/၃၀၄ (က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းတရားခံ ဝင်းကိုမှာ ထွက်ပြေးလျက်ရှိသည်။

Most Read

Most Recent