ကျူးဘား ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရာ လူ ၁၀၀ ခန့် သေဆုံးဖွယ်ရှိနေ

ကျူးဘား ခရီးသည်တင်လေယာဉ် ပျက်ကျခဲ့ရာ လူ ၁၀၀ ခန့် သေဆုံးဖွယ်ရှိနေ
Published 19 May 2018

Photo: AFP

လူ ၁၁၀ ကျော်ကို တင်ဆောင်ထားသော သက်တမ်း ၃၉ နှစ်ရှိ ခရီးသည်တင် လေယာဉ်တစ်စင်းသည် မေ ၁၈ ရက်က ဟာဗားနားလေဆိပ်မှ ပျံတက်သွားပြီး ခဏအကြာ၌ ပီလောပီနံခင်းထဲသို့ ပျက်ကျ လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။ ဆယ်စုနှစ် သုံးခုကြာ ကာလအတွင်း အဆိုးရွားဆုံး ကျူးဘား လေကြောင်းမတော်တဆမှုကြီး ဖြစ်လာသည့် ထိုဖြစ်စဉ်တွင် လူသုံးဦးသာ အသက်ရှင်ခဲ့သည်ဟု သက်ဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။

ဘိုရင်း ၇၃၇ လေယာဉ်သည် နိုင်ငံအရှေ့ပိုင်းမှ ဟိုဂင်းမြို့သို့ သွားရန် ဟာဗားနားရှိ ဟိုဆေးမာတီ အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်းအဆုံးမှ ပျံတက်သွားပြီး ခဏအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ထို့နောက် မီးလောင်ကျွမ်းနေသော အပျက်အစီးများကို ငြိမ်းသတ်ရန် မီးသတ်သမားများ အပြေးအလွှား ရောက်လာခဲ့ကြသည်။

“ သေဆုံးသူဦးရေ အမြောက်အမြား ရှိဖွယ်ရပါတယ်” ဟု ဧပြီ ၁၉ ရက်ကမှ စတင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျူဘားသမ္မတ သစ်မီဂယ်ဒိုင်အက်ကာနယ် က ပြောကြားခဲ့ သည်။  လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“ ပေါက်ကွဲသံကြီးဟာ အရာအားလုံးကို တုန်ခါစေခဲ့ပါတယ်” ဟု လေယာဉ်ကွင်း အနီးတွင် နေထိုင်ပြီး လေယာဉ်ပျက်ကျသည်ကို တွေ့လိုက်ရသော ဒေသခံ တစ်ဦးဖြစ်သည့် ယာစနီယယ်ဒိုင်အက်စ် က ဆိုသည်။