တရုတ်ကွန်မြူနစ်ပါတီက လက်နက်ကိုင်ရဲတပ်ဖွဲ့အား စစ်ကော်မရှင်ထိန်းချုပ်မှုအောက် ထည့်သွင်းမည်

တရုတ်ကွန်မြူနစ်ပါတီက လက်နက်ကိုင်ရဲတပ်ဖွဲ့အား စစ်ကော်မရှင်ထိန်းချုပ်မှုအောက် ထည့်သွင်းမည်
Published 29 December 2017

ဒီဇင်ဘာ ၂၈ ရက်က ပေကျင်းတွင် လမ်းတစ်လမ်းအား ကူးနေသည့် တရုတ်ရဲများ (Photo - AFP)

တရုတ် လက်နက်ကိုင်ရဲတပ်ဖွဲ့အား တရုတ်ကွန်မြူနစ်ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့၏ ကွပ်ကဲမှုအောက်သို့ မကြာမီထည့်သွင်းမည်ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုက ဒီဇင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့ရာ အာဏာကိုချုပ်ကိုင်ရန် သမ္မတရှီကျင်ပင်း၏ စိတ်ပိုင်းဖြတ်ထားကြောင်းပြသသည့် နောက်ဆုံးလက္ခဏာ ဖြစ်သည်။ ယင်းအတွက်ကြောင့် ပြည်တွင်းလုံခြုံရေးအား ကိုင်တွယ်သော ယင်းရဲတပ်ဖွဲ့ကို စစ်တပ်အကြီးအကဲဖြစ်သော ရှီ၏ကွပ်ကဲမှု အောက်လုံး၀ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။

အင်အား ၆၆၀၀၀၀ ခန့်ရှိသော ယင်းရဲတပ်ဖွဲ့သည် ပြည်တွင်းတည်ငြိမ်ရေးနှင့် အခြားတာဝန်များအပြင် နယ်စပ်ကင်းလှည့်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မီးငြှိမ်းသတ်ရေးတို့ကို တာဝန်ယူထားရသည်။ လတ်တလောတွင် ယင်းရဲတပ်ဖွဲ့ကို အစိုးရ၏ နိုင်ငံတော်ကောင်စီနှင့် ပါတီ၏ဗဟိုစစ်ဘက် ကော်မရှင်တို့၏ ပူးတွဲအုပ်ချုပ်မှုအောက်၌ ထားရှိထားသည်။ ထိုကော်မရှင်နှင့် ကော်မတီနှစ်ခုစလုံးကို ရှီက ဦးဆောင်နေသည်။

နိုင်ငံအများစုနှင့်မတူသည်မှာ တရုတ်လက်နက်ကိုင်တပ်များအား နိုင်ငံတော်လက်အောက်ထက် အာဏာရကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝထည့်သွင်းထားခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက် မှစတင်၍ လက်နက်ကိုင်ရဲတပ်ဖွဲ့အား ဗဟိုစစ်ဘက်ကောင်မရှင်၏ လက်အောက်၌သာ အဖွဲ့ခွဲတစ်ခုအဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်၏ကြေညာချက် အားကိုးကား၍ အစိုးရသတင်းအေဂျင်စီ ဆင်ဟွာက ဒီဇင်ဘာ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။ သို့သော် ယင်းကဲ့သို့ ကွပ်ကဲမှုပုံစံပြောင်းလဲရသည့် အကြောင်းရင်းကိုမူ မဖော်ပြခဲ့ပေ။

မျိုးဆက်တစ်ခုအတွင်း အင်အားအကြီးဆုံး ခေါင်းဆောင်အဖြစ် ရှီသည် တရုတ်လူမှုဝန်းကျင်၏ ကဏ္ဍအားလုံး၌ ပါတီ၏ထိန်းချုပ်မှုကို အားကောင်းစေရန် ကြိုးပမ်းခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ရှီသည် တရုတ်စစ်တပ်အား ခေတ်နောက်ကျသော ဆိုဗီယက် အမွေအနှစ်များအဖြစ်မှ ခေတ်မီတိုက်ခိုက်ရေး အင်အားစုအဖြစ် အသွင်ပြောင်းရန် ရည်ရွယ်သော ပြုပြင်ပြောင်းလဲမှုများစွာအား ကြီးကြပ်လုပ်ဆောင်ခဲ့သည်။

ယင်းပြောင်းလဲမှုများတွင် စစ်ဘက်ထိပ်တန်း တာဝန်ရှိသူများနေရာတွင် ရှီအား သစ္စာခံသူများဖြင့် အစားထိုးမှုလည်း ပါဝင်ခဲ့သည်။

နောက်ဆုံး အာဏာထိန်းချုပ်မှုသည် အာဏာသိမ်းရန်အတွက် ရဲတပ်ဖွဲ့အား အသုံးပြုနိုင်ခြေအလားအလာကို စိုးရိမ်မှုများအား အရင်းခံခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။ ပါတီ၏သြဇာကြီး တာဝန်ရှိသူများသည် ပါတီခေါင်းဆောင်ပိုင်းရာထူးအား မတရားရယူ၍ နိုင်ငံတော်အာဏာကို ထိန်းချုပ်ရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများအား ရှီက ဟန့်တားနိုင်ခဲ့မှုအတွက်  ပါတီထိပ်တန်းတာဝန်ရှိသူ လျူရှီယုက ပြီးခဲ့သော အောက်တိုဘာတွင် ချီးကျူးခဲ့သည်။

ပါတီမှ ထုတ်ပယ်ခံခဲ့ရပြီး အကျင့်ပျက် ခြစားမှုစွဲချက်များဖြင့် ဖမ်းဆီးခံရ သို့မဟုတ် ထောင်ဒဏ်ကျခံခဲ့ရသည့် လုံခြုံရေးအကြီးအကဲဟောင်း ကျိုးယုံကန်း၊ ချုံကင်းပါတီ အတွင်းရေးမှူးဟောင်းများဖြစ်သော ပိုရှီလိုင်နှင့် ဆွန်ကျန်းကိုင်တို့အား လျူက ရည်ညွှန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Ref ; AFP

Most Read

Most Recent