စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနှင့် အသင်္ခယာစောယွမ်းရုပ်တုရှိ မီးဆလိုက်နှင့် မီးလုံးများ ရိုက်ခွဲဖျက်ဆီးခံရသဖြင့် အမှုဖွင့်ထားကြောင်း သိရ

စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနှင့် အသင်္ခယာစောယွမ်းရုပ်တုရှိ မီးဆလိုက်နှင့် မီးလုံးများ ရိုက်ခွဲဖျက်ဆီးခံရသဖြင့် အမှုဖွင့်ထားကြောင်း သိရ
Published 26 September 2017

စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံနှင့် အသင်္ခယာစောယွမ်းရုပ်တုရှိ မီးဆလိုက်များနှင့် မီးလုံးများအား ရိုက်ခွဲဖျက်ဆီးခံရသဖြင့် အမှုဖွင့်ထားကြောင်း စက်တင်ဘာ ၂၅ ရက်တွင် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

စက်တင်ဘာ ၂၂ ရက် ညပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ မီးလုံးများအား ရိုက်ခွဲခြင်း၊ ဖြုတ်ယူခြင်းနှင့် အသင်္ခယာစောယွမ်း အဝိုင်းရှိ မီးဆလိုက်များကို ရိုက်ခွဲဖျက်ဆီးခြင်း၊ မီးကြိုးများကို ဆွဲဖြတ်ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

“အရင်တစ်ပတ် သောကြာနေ့ညက ဖျက်ဆီးခံခဲ့ရပါတယ်။ အရင်လတွေကလည်း ကမ်းနားလမ်းက လက်ရန်းတွေနဲ့ အမှိုက်ပုံးတွေ ဖျက်ဆီးခံရပြီး စစ်ကိုင်းတောင်တက်လမ်းက ကွန်ကရစ်အလှပန်းအိုးတွေ ရိုက်ခွဲ ဖျက်ဆီးခံရပါတယ်။ ညဆို သောက်စားမူးယစ်ပြီး ဖျက်ဆီးတယ် ထင်ပါတယ်။ သက်ဆိုင်ရာ ရဲစခန်းကို အမှုဖွင့်တိုင်ကြားထားပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းကိုလည်း တင်ပြထားပါတယ်” ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

Most Read

Most Recent