မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်က တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သူအား ကမာဝက်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက်နေ အ.ထ.က (ကမာဝက်) မှ တက္ကသိုလ်ဝင်တန်းကျောင်းသူ မ . . . . (၁၆ နှစ်) သည် စက်တင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲခန့်က ကမာဝက်မြို့ထောင်ကေးရပ်ရှိ ဆရာမဖြစ်သူ၏ နေအိမ်၌စာသင်ယူနေစဉ် ဝမ်းကွဲဦးလေးတော်စပ်သူ ရဲမင်းပိုင် (၂၅) နှစ် (ဘ) ဦးတင်မောင် ရောက်ရှိလာကာ အရေးကြီး ပြောစရာရှိ၍ လိုက်ခဲ့ရန်ခေါ်သဖြင့် ဆရာမထံ ခွင့်တောင်းပြီး ရဲမင်းပိုင်၏ ဆိုင်ကယ်ဖြင့် လိုက်ပါသွားခဲ့ကြောင်း၊ ကျိုက်မကော့ဘုရားတောင်ခြေအနီးသို့ ရောက်ရှိစဉ် ရဲမင်းပိုင်က ဆိုင်ကယ်ရပ်၍ ၎င်း၏ပါးစပ်အား လက်ဖြင့်ပိတ်၍ တွန်းလှဲကာ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်သဖြင့် ထွက်ပြေးလာခဲ့ပြီး ဖြစ်စဉ်အား အဒေါ်ဖြစ်သူအား ပြောပြခဲ့ကြောင်းနှင့် ဖြစ်စဉ်နှင့် ပတ်သက်၍ အဒေါ်ဖြစ်သူက ၎င်း၏ တူမဖြစ်သူ မ . . . အား အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့် ရန်ကြံစည်ခဲ့သူ ရဲမင်းပိုင်အား ဥပဒေအရ အရေးယူပေးပါရန် ကမာဝက်နယ်မြေရဲစခန်းသို့ စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲက တိုင်တန်းခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမင်းပိုင်အပေါ် ကမာဝက်နယ်မြေရဲစခန်းက (ပ) ၇၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃/၃၇၆/ ၅၁၁ အရ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။