ကိုလံဘီယာတွင် ကိုကာပင်စိုက်ပျိုးမှု မြင့်တက်လာခြင်းအပေါ် အလွန်အမင်း စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီရို ပြောကြား
အမေရိကန်နိုင်ငံအနေနဲ့ ကိုလံဘီယာနိုင်ငံမှာ ကိုကာပင်စိုက်ပျိုးမှု မြင့်တက်လာခြင်းအပေါ် အလွန်အမင်း စိုးရိမ်မိနေပြီး ၂၀၂၃ ခုနှစ်မကုန်ခင်မှာ ကိုကင်းအတွက် ကုန်ကြမ်းစိုက်ပျိုးထုတ်လုပ်မှုကို ထက်ဝက်လောက် လျှော့ချနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီရိုက ပြောကြားခဲ့ပါတယ်။