မန္တလေးမြို့တွင် ကျောက်မျက်ကုမ္ပဏီများမှ ကျောက်စိမ်းအရောင်းပြပွဲများဆက်တိုက်ပြုလုပ်နေမှုများကိုအချိန်ခြားပြုလုပ်ပေးရန် ကျောက်လုပ်ငန်းရှင်များစုပေါင်းကာအစိုးရအဖွဲ့ထံတင်ပြထားဟုဆို
မန္တလေးမြို့မှာကျောက်စိမ်း ကျောက်မျက်ကုမ္ပဏီများမှ မန္တလေး ၊ စစ်ကိုင်းကျောက်စိမ်းလက်လုပ်လက်စားသမားများအတွက်လို့ဆိုကာ ကျောက်စိမ်းအရိုင်းပြသရောင်းချပွဲများ ပြုလုပ်ရောင်းချမှုမှာစိတ်လာတဲ့အတွက် မဟာအောင်မြေ ကျောက်ဝိုင်းသို့ တရုတ်ဝယ်လက် လာရောက်ဝယ်ယူမှုလျော့ကျကာ အရောင်းအဝယ်ပြုလုပ်သူများအခက်အခဲဖြစ်ပေါ်နေမလို့ ပြပွဲနှင့်ရောင်းချပွဲများကိုအချိန်ခြားခွင့်ပြုပေးရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ စာတင်ပြထားတယ်လို့ သိရပါတယ်။