ပြည်တွင်းစျေးကွက်၌ မတ်ပဲစျေးတစ်တန်လျှင် ကျပ် ၇၄၀၀၀၀ အထိ ရောက်ရှိလာပြီး ယခင်လထက် ကျပ် ၉၀၀၀၀ ဝန်းကျင် စျေးတက်လာ

ပြည်တွင်းစျေးကွက်၌ မတ်ပဲစျေးတစ်တန်လျှင် ကျပ် ၇၄၀၀၀၀ အထိ ရောက်ရှိလာပြီး ယခင်လထက် ကျပ် ၉၀၀၀၀ ဝန်းကျင် စျေးတက်လာ
Published 2 April 2019
နီလာ

ပြည်တွင်းစျေးကွက်၌ မတ်ပဲစျေးတစ်တန်လျှင် ဧပြီ ၁ ရက်က ကျပ် ၇၄၀၀၀၀ အထိ ရောက်ရှိလာပြီး မတ် ၁ ရက်ကဖြစ်ပေါ်ခဲ့သည့် မတ်ပဲစျေးထက် တစ်တန်လျှင် ကျပ် ၉၀၀၀၀ ဝန်းကျင်စျေးတက်လာကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

ပြီးခဲ့သည့် မတ် ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၅၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၇၅၀၀၀၊ ဖေဖော်ဝါရီ ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၅၇၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၂၀၀၀၀ စျေးရှိခဲ့သည်။

မတ် ၂၉ ရက်က မတ်ပဲ FAQ တစ် တန်လျှင် ၆၈၈၀၀၀ ကျပ်၊ မတ်ပဲ SQ တစ်တန်လျှင် ၈၃၈၀၀၀ ကျပ်စျေးရှိခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဲစျေးများမှာ ဇန်နဝါရီ  ၉ ရက်က မတ်ပဲ FAQ တစ်တန် လျှင် ၇၂၂၀၀၀ ကျပ်၊ မတ်ပဲ SQ တစ်တန်လျှင် ၈၈၅၀၀၀ ကျပ်အထိစျေးရှိခဲ့ပြီး ဖေဖော်ဝါရီ ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ၆၁၈၀၀၀ ကျပ်၊ မတ်ပဲ SQ တစ်တန်လျှင် ၇၄၈၀၀၀ ကျပ်အထိ ပဲစျေးကျဆင်းခဲ့သည်။ မတ် ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၉၄၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၃၄၀၀၀ အထိ စျေးအသီးသီးဖြစ်ပေါ်ခဲ့သည်။

ဇန်နဝါရီလဆန်းပိုင်းအတွင်း အိန္ဒိယဘက်မှ ပဲဝယ်ယူမှုလျော့ကျခဲ့သဖြင့် ပြည်တွင်းပဲစျေးကွက်အတွင်း၌ ပဲစျေးအေးလာပြီး မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၉၉၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၆၉၀၀၀ အထိ စျေးကျလျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ဇန်နဝါရီ ၉ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၂၂၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၅၀၀၀၊ ဇန်နဝါရီ ၁၀ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၀၁၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၆၄၀၀၀ နှင့် ဇန်နဝါရီ ၁၄ ရက်တွင် မတ်ပဲ FAQ  တစ်တန်လျှင် ကျပ် ၆၉၆၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၆၄၀၀၀ စျေးရှိခဲ့သည်။

သို့သော် ဇန်နဝါရီ ၂၁ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၃၀၀၀၀၊ မတ် ပဲ SQ တစ်တန်လျှင် ကျပ် ၈၉၅၀၀၀ အထိ စျေးပြန်တက်ခဲ့ပြီး ဇန်နဝါရီ  ၂၂ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၁၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၈၀၀၀၊ ဇန်နဝါရီ ၂၃ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၇၂၂၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၈၂၀၀၀ အထိ စျေးရှိခဲ့သည်။

ဖေဖော်ဝါရီ ၁ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၅၇၀၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၂၀၀၀၀၊ ဖေဖော်ဝါရီ ၄ ရက်က မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၅၇၈၅၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၁၈၅၀၀ အထိ ပဲစျေးကျဆင်းခဲ့ပြီး ဖေဖော် ၀ါရီ ၇ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၁၂၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၄၂၀၀၀၊ ဖေဖော်ဝါရီ ၈ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၁၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၇၄၈၀၀၀ အ ထိ စျေးရှိလာကြောင်း ဘုရင့်နောင်ကုန်စည် ဒိုင်မှရရှိသောစာရင်းများအရ သိရသည်။

မတ် ၈ ရက်တွင် မတ်ပဲ FAQ တစ်တန် လျှင် ကျပ ် ၆၉၄၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၃၄၀၀၀ နှင့် မတ် ၂၉ ရက်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၆၈၈၀၀၀၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၈၃၈၀၀၀ စျေး ဖြစ်ပေါ်ခဲ့သည်။                               

Most Read

Most Recent