နောက်ဆုံးရှုံးနိမ့်မှုတွေနဲ့ မလွဲမသွေ ရင်ဆိုင်ဖို့ နီးကပ်လာချိန်မှာပဲ IS တွေဟာရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေလုပ်နေဆဲဖြစ်ပါတယ်။ IS ထောက်ခံသူတွေကို အစားအစာနဲ့ ငွေကြေးထောက်ပံ့မှုတွေ ပေးနေဆဲ ဖြစ်ပါတယ်။ လက်နက်ချဖို့ ငြင်းဆန်နေတဲ့ IS တပ်ဖွဲ့ဝင်တွေဟာ သူတို့ရဲ့မြေနေရာ တစ်လက်မမှ မဆုံးရှုံးဖို့ ကြိုးပမ်းနေသလို၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်က တိုက်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ IS လက်နက်ကိုင်တပ်သားတွေနဲ့ နောက်လိုက် ၁၀၀၀ ခန့်ကို လုံခြုံတဲ့နေရာမှာထားရှိ ပြီး တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲဖို့ ပြင်ဆင် နေပါတယ်။
IS တပ်ဖွဲ့ဝင်အများစုဟာ နိုင်ငံခြားသားတွေ ဖြစ်ကြပြီး အီရတ်တွေ၊ ဗဟိုအာရှတိုက် သားတွေ ပါဝင်သလို ဆီးရီးယားလက်နက် ကိုင်တချို့ ပါဝင်ကြပါတယ်။ နောက်ဆုံးတိုက်ပွဲဆင်နွှဲဖို့ IS တပ်ဖွဲ့ဝင်တွေဟာ ဥမင်လိုဏ်ခေါင်းတွေ ဂူတွေထဲမှာ ပုန်းခိုနေကြပါတယ်။ IS တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံထဲရှိ ဘာဂုဇ်ကျေးရွာထဲမှာ တပ်ဆွဲထားကြပါတယ်။ အမေရိကန် ကျောထောက်နောက်ခံ ပေးထားတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ် (SDF)တွေရဲ့ထိုးစစ်ကို မရှုမလှခံခဲ့ကြရပါတယ်။ IS တွေဟာ ပြေးစရာမြေ တစ်လက်မတောင် မကျန်တော့ဘူး။ အသေခံတိုက်ရုံမှလွဲ ပြီး တခြားလမ်းမရှိတော့ဘူးလို့ ဆီးရီးယားဒီမိုက ရက်တစ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားခဲ့ပါတယ်။
တိုက်ပွဲတွေကြားမှ လွတ်မြောက်ရာ အရပ်ကို ရောက်ရှိလာတဲ့ လူတွေရဲ့ပြောကြားချက်အရ IS တပ်တွေဟာ သူတို့ရဲ့ နောက်ဆုံး ကတုတ်ကျင်းကို လက်လွှတ်မခံဘဲ အသေခံ တိုက်မယ့်အနေအထားရှိကြောင်း ပြောကြား ခဲ့ပါတယ်။ ထွက်ပြေးခိုလှုံသူတွေအများစုဟာ IS တပ်ဖွဲ့ဝင်တွေရဲ့ ဆွေမျိုးသားချင်းတွေ ဖြစ်ကြပါတယ်။ တချို့ဟာ လင်ယောက်ျား သေဆုံးကြပါတယ်။ တချို့ ဒဏ်ရာအနာတရ ရှိနေကြတယ်။ ယောကျ်ား၊ မိန်းမ၊ ကလေးငယ် တွေဟာ အစာရေစာငတ်မွတ်တဲ့ ဒဏ်ခံနေ ကြရပါတယ်။ တချို့တလေကတော့ IS တွေ ကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်။
မုဆိုးမတချို့ဟာ IS တပ်ဖွဲ့တွေအုပ်ချုပ်တဲ့ ဧည့်ဂေဟာမှာ နေကြပါတယ်။ Is တွေကတော့ စစ်တန်းလျားမှာ နေကြပါတယ်။ အစာ ရေစာရှားပါးလာတာကြောင့် နပ်မမှန်တော့ပါဘူး။ အသက် ၂၄ နှစ်အရွယ်ရှိ ဆီးရီးယား အမျိုးသမီးတစ်ဦးက ပြီးခဲ့တဲ့ တစ်လကပဲ အလက်ပိုက မိခင်ဆီကို ငွေပို့ပေးဖို့နဲ့ သူ့ခင်ပွန်း ဆုံးသွားကြောင်း သတင်းပို့ခဲ့ပါတယ်။ စခန်းထဲရှိ ဒုက္ခသည်တွေကို IS တပ်ဖွဲ့ဝင်တွေ က ညှဉ်းပန်းမှုတွေ ပြုကြပါတယ်။ မော်တော်ယာဉ်မောင်းတစ်ဦးဖြစ်တဲ့ ခိုဒါရ်ဟာဘာဂုဇ် ကျေးရွာထဲမှာရှိတဲ့ ဒုက္ခသည်တွေကို လွတ် မြောက်ရာကို ပို့ဆောင်ပေးရသူဖြစ်ပါတယ်။ IS တပ်တွေ ဘယ်လောက်ရက်စက်တယ်ဆိုတာ မျက်မြင်ကိုယ်တွေ့ဖြစ်ကြောင်း ပြောပြ ပါတယ်။ သူပြောပြချက်အရ သေနတ်သမား တစ်ဦးဟာ အမျိုးသမီးတစ်ယောက်ကို အတင်းအကျပ် ဖယ်ရီပေါ်တက်ခိုင်ကြောင်း၊ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ အမျိုးသမီးကို ရိုက်နှက်ကြောင်း၊ အမျိုးသမီး ငိုယိုပြီး မြေပြင်ပေါ်လဲကျခဲ့ကြောင်း၊ အဲဒီအခါမှာ IS တပ်ဖွဲ့ ဝင်က သူ့ အော်တိုမက်တစ်သေနတ်နဲ့ လဲကျနေတဲ့ အမျိုးသမီးနံဘေးက မြေပြင်ကို ပစ်ခတ်ခဲ့ကြောင်း ပြောပြပါတယ်။
“တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းတဲ့ မြင်ကွင်းပါပဲ။ Is တပ်သားက နှစ်မီတာ အကွာအဝေးကနေပစ်တာ။ အမျိုးသမီးက ကြောက်လန့်ပြီး ငိုနေတယ်”လို့ ခိုဒါရ် က ပြောကြားခဲ့ပါတယ်။
ဘာဂုဇ်ကျေးရွာကနေ ခိုးဝှက်ထွက်လာ တဲ့ အသံသွင်းတိပ်ခွေအရ “ တွေအနေနဲ့ မိမိတို့ကို ထောက်ခံသူတွေကို အန္တရာယ်ရပ် ဝန်းကနေ ထွက်ပြေးနိုင်ဖို့ အကူအညီပေးနေကြောင်း သူတို့ဟာ မိမိရဲ့တိုက်ပွဲကို ရုပ်ပိုင်း အရကော စိတ်ပိုင်းအရပါ အကူအညီပေးမှာဖြစ်ကြောင်း ပါရှိပါတယ်။ နေ့စဉ်နဲ့အမျှ ရာပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးတွေဟာ ဘာဂုဇ်က ထွက်ပြေးနေကြပါ တယ်။ တချို့က ဒဏ်ရာတွေရရှိနေကြပြီး တချို့ကတော့ စိတ်ပိုင်းဆိုင်ရာ အနာတရတွေရနေ ကြပါတယ်။ ဒဏ်ရာရသူတချို့က လူနာတင် ကားတွေပေးမှာ၊ တချို့က လူနာတင်လှည်း တွေပေါ်မှာ ရှိနေကြပါတယ်။ ကလေးငယ်တွေကတော့ အစာမစားရလို့ တစာစာငိုကြွေး နေကြတယ်။ သားသည်မိခင်တချို့က ပလတ်စတ်အိတ်တွေ လက်မှာဆွဲပြီး အစားအစာ တောင်းခံနေကြပါတယ်။ တချို့က လင်သား သေဆုံးသူတွေ၊ ရင်သွေးဆုံးရှုံးသူတွေ ဖြစ်ကြပါတယ်။
ဒုက္ခသည်တွေဟာ IS တွေ ထိန်းချုပ်ထားတဲ့ အရပ်ကနေပြီး သက်စွန့်ဆံဖျား ထွက်ပြေးကြရတာဖြစ်ပါတယ်။ လပေါင်းများစွာ ကြားမှာ အန္တရာယ်မှ ကင်းလွတ်ရာအရပ်ကို ရောက်ခဲ့ကြတာဖြစ်ပါတယ်။ ယခုတော့ ဘာဂုဇ်အပြင်ဘက် လေတဟူးဟူးတိုက်ပြီး ဖုန်မှုန့်တွေရှိရာ သူတို့ရောက်နေကြပါပြီ။ သူတို့တစ်တွေကို ဆီးရီးယား ဒီမိုကရက်တစ်တပ် ဖွဲ့တွေက စစ်ဆေးမှုပြုကြပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ အွမ်အဗ္ဗဒူရာမင်ဟာ ဘေးကင်းရာအရပ်ကိုရောက်ရှိဖို့ လေးရက်တိတိ တန်းစီခဲ့ရတယ်လို့ ပြောပြပါတယ်။ သူမရဲ့ လမ်းလျှောက်တတ်ခါစ ရင်သွေးငယ်ဟာ မော်တော်ထိမှန်သေဆုံးခဲ့ကြောင်း၊ သူမကတော့ ဒဏ်ရာရရှိခဲ့ကြောင်း ပြောပြပါတယ်။ လင်သားဖြစ်သူ သန့်ရှင်းရေးသမားကတော့ IS တွေရဲ့ အန္တရာယ်ကိုကြောက်တဲ့အတွက် လိုက်မလာကြောင်း ရှင်းပြကြပါတယ်။
ဒုက္ခသည်တချို့ဟာ IS တွေကို ထောက်ခံသူတွေဖြစ်ပါတယ်။ IS ထောက်ခံသူတစ်ယောက်ဟာ နောက်ပိုင်းမှာတော့ IS တွေအ ပေါ် အယုံအကြည်မဲ့လာရတာက လူမျိုးခွဲခြားမှုတွေရှိလာပြီး အီရတ်တွေကို အရေးပေးလာခြင်းကြောင့်ဖြစ်တယ်လို့ ထွက်ပြေးလာသူ တစ်ဦးဖြစ်သူ ရာယမ်က ပြောကြားပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ အလက်ပိုမြို့မှ ဆီး ရီးယားနိုင်ငံသူတစ်ဦးက မိမိလင်ယောကျ်ား ဟာ တစ်လဒေါ်လာ ၁၀၀ လောက်ပဲရကြောင်း၊ နောက်ပိုင်းမှာတော့ IS တွေက လခမပေးချင် တော့ကြောင်း ပြီးခဲ့တဲ့လကပဲ မိမိလင်ယောက်ျားကို ပစ်သတ်ခဲ့ကြောင်း ပြောကြားပါတယ်။ သူမကိုယ်တိုင် သူနာပြုဆရာမအလုပ်လုပ် ပေးရပေမဲ့ လခလုံးဝမရကြောင်း သူမကပြောကြားပါတယ်။ တခြားအမျိုးသမီးတွေလည်း လခမရဘဲ ငွေကြေးထောက်ပံ့မှုသာရပါတယ်။
အီရတ်နိုင်ငံ ဖလူဂျာမှာ နေထိုင်တဲ့ တွမ်ဇာအီက အသက် ၄၀ ခန့်ရှိနေပါပြီ။ သူမလည်း လုပ်ခလစာမရဘဲ အလုပ်လုပ်ပေး ခဲ့ရပါတယ်။ အီဂျစ်ကနေ ထွက်ပြေးလာတဲ့ ကလေးနှစ်ယောက်မိခင် ရာနာတာဇက်က အသက် ၂၇ နှစ်ရှိပါပြီ။ ရာကာကို IS တွေ သိမ်းပိုက်ခဲ့စဉ်က အခြေအနေကောင်းခဲ့ပေမယ့် ရာကာကို IS တွေ လက်လွှတ်ခဲ့ရပြီး နောက် သူတို့မိသားစုဟာ IS တွေနဲ့အတူ ထွက်ပြေးခဲ့ကြရပါတယ်။ ဘာဂုဇ်ကို IS တွေ နဲ့အတူပါသွားတဲ့ သူမ မိသားစု ဘေးကင်း လုံခြုံရာအရပ်ဒေသကို နောက်ဆုံးမှ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဆီးရီးယားဒီမိုကရက် တစ်တပ်တွေမတိုက်မီ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ အသက် ၂ရနှစ်အရွယ်ရှိတဲ့ လင်ယောကျ်ားကတော့ ဘာဂုဇ်မှာ ကျန်ခဲ့ပါတယ်။ သူ့လင်သားက IS တပ်ဖွဲ့တွေနဲ့ လက်တွဲပြီး ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ နေရစ်ခဲ့တာဖြစ်ပါတယ်။ ဘေးကင်းလုံခြုံရာစခန်းကို ဝင်ရောက်လာတဲ့ ရာနာတို့ မိသားစုကို ဆီးရီးယား ဒီမိုကရက် တစ်တပ်ဖွဲ့မှ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးမှုကို ခံကြရပါတယ်။ ရာနာဟာဝတ်ထား တဲ့အကျႌထဲမှာ သူမပိုင်ပစ္စည်းတွေကို ဝှက်ပြီး ယူလာခဲ့ပါတယ်။
တနင်္ဂနွေနေ့က ဆီးရီးယားကာကွယ် ရေးတပ်ဖွဲ့ဝင်တွေဟာ ဒေသစံတော်ချိန် ည ၆ နာရီမှာ IS တွေ ပုန်းခိုနေတဲ့ ဘာဂုဇ်ကို လေကြောင်းမှ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်လက်နက်တွေ သိုလှောင်ထားတဲ့နေရာတွေကို အဓိကထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့ မနက်အစောပိုင်းမှာ IS တွေအတွက် လက်နက်ချဖို့ အချိန်ဟာ လွန်မြောက်လာပြီဖြစ်ကြောင်း ဆီးရီးယား ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။