မိမိ၏အသင်းသည် မနှစ်ကထက် ပိုကောင်းလာခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို မရယူနိုင်ခဲ့လျှင်ပင် နောင်တရနေမည်မဟုတ်ဟု ဂွါဒီယိုလာပြောကြား

မိမိ၏အသင်းသည် မနှစ်ကထက် ပိုကောင်းလာခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို မရယူနိုင်ခဲ့လျှင်ပင် နောင်တရနေမည်မဟုတ်ဟု ဂွါဒီယိုလာပြောကြား
Photos : AFP
Photos : AFP
Published 5 March 2019

မန်စီးတီးအသင်း၏နည်းပြဖြစ်သူ ဂွါဒီယိုလာက မိမိအသင်း၏ လက်ရှိခြေစွမ်းမှာ ပြီးခဲ့သည့်ရာသီကအ မှတ်ပေးချန်ပီယံဆုနှင့် စံချိန်တင်ရမှတ်များ ရယူနိုင်ခဲ့သည့်အသင်းထက်ပင် ပိုကောင်းနေပြီဖြစ်ပြီး ယခုခြေစွမ်း မျိုးနှင့် လီဗာပူးလ်အသင်းက ချန်ပီယံဖလားကိုယူသွားခဲ့လျှင်ပင် နောင်တရနေမည်မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

မန်စီးတီးအသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ရန် ရေပန်းအစားဆုံးအခြေအ နေတွင်ရှိနေပြီး အမှတ်ပေးဇယားတွင်လည်း လီဗာပူးလ်အသင်းအထက် တစ်မှတ်အသာတွင် ရပ်တည်လျက်ရှိ သည်။

ဂွါဒီယိုလာက ''ကျွန်တော်တို့ အသင်းကစားနေတဲ့ပုံစံက မနှစ်ကထက် အများကြီး၊ အများကြီးပိုကောင်း လာပါတယ်။ အသင်းမှာရှိတဲ့ကစားသမားတိုင်းက ကျွန်တော်တို့အသင်း ဘာလုပ်နေသလဲဆိုတာကို သိပြီး၊ တစ်ဦးနဲ့တစ်ဦး ဘာကူညီပေးရမလဲဆိုတာကိုလည်း သိနေကြပါတယ်။ ဒါဟာ ကျွန်တော်လိုချင်တဲ့ ပုံစံဖြစ်ပြီး ဒီ လိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ရှုံးပွဲတွေ့ခဲ့မယ်၊ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ရလိမ့်မယ်ဆိုတောင် ကျွန်တော် နောင်တရမှာမဟုတ်ပါဘူး။ ရာသီကုန်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အသင်းရဲ့ကစားသမားတွေက ငါတို့ဟာ ကောင်းကောင်း တိုက်ပွဲမဝင်နိုင်ခဲ့ဘူး၊ ကစားသမား ကောင်းတွေမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးတွေတွေးဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ သူတို့ကို မြင်နေရတဲ့ အခြေအနေတိုင်းက အားရစရာကောင်းပါတယ်။ ကျွန်တော်တို့ နောက်ထပ်ပွဲတွေကစားဖို့ ကျန်ပါသေးတယ်။ ဒီပုံစံကိုသာမြင်နေရရင် ဖလားမရလည်း ကျွန်တော်ပျော်ပါတယ်''ဟု ဆိုခဲ့သည်။

Most Read

Most Recent