PSG အသင်းတိုက်စစ်မှူး နေမာက အသင်းဖော် ဘာပေနှင့်ပတ်သက်ပြီး ချီးကျူးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ တိုက်စစ်ခြေစွမ်းပြနေသည့် PSG အသင်းဖော် ဘာပေကို နေမာက ''သူ့ကို ကျွန်တော် Golden Boy လို့ ခေါ်ချင်ပါတယ်။ သူက သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတစ်ယောက် ဖြစ်လာမယ့်သူပါ။ ဒီလိုဖြစ်လာအောင် ကူညီပေးဖို့လည်း ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော်တို့က ညီအစ်ကိုတွေလိုပါပဲ။ ကျွန်တော်တို့ကြားမှာ မနာလိုစိတ် လည်း မရှိပါဘူး။ သူ တစ်ဂိုးသွင်းပြီး သွားရင် ကျွန်တော့်ကို ပြန်ဖန်တီးပေး ချင်သလို၊ ကျွန်တော်ကလည်း သူဂိုး သွင်းနိုင်ဖို့ ဖန်တီးပေးချင်တဲ့သူပါ။ ဘာစီလိုနာမှာတုန်းက မက်ဆီနဲ့ ကျွန်တော် တွဲဖက်ကစားခဲ့ရတဲ့ပုံစံ မျိုးပါပဲ''ဟု ပြောကြားခဲ့သည်။
PSGအသင်းမှ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေသည် ယခုတစ်ပတ်လီဂူးပွဲစဉ်တွင် (၂)ဂိုးသွင်း ယူနိုင်ခဲ့ပြီးနောက် PSG အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၅၀)ပြည့်သွားခဲ့ကြောင်း သိရှိရသည်။
ဘာပေသည် ၂၀၁၇-၁၈ ရာသီတွင် (၂၁)ဂိုး၊ ယခု ရာသီတွင် (၂၉)ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ဘာပေသည် ပြီးခဲ့သည့်ဒီဇင်ဘာလကမှ အသက်(၂၀)ပြည့်ခဲ့သူဖြစ်ပြီး ယခုကဲ့သို့ စွမ်းဆောင်နိုင်ခဲ့ သည့်အတွက် ကမ္ဘာကျော်ထိပ်တန်း ကစားသမားများနှင့် နှိုင်းယှဉ်ချီးကျူးမှုများလည်း ရှိနေခဲ့သည်။
Marca သတင်းစာက ဘာပေသည် မက်ဆီနှင့် စီရော်နယ်လ်ဒိုတို့ အသက်(၂၀)အရွယ်တွင် စွမ်းဆောင်နိုင်ခဲ့သည်ထက်ပင် ပိုကောင်းနေသည်ဟုဆိုခဲ့သည်။