ဖူလ်ဟမ်အသင်းနှင့် ပွဲတွင် ကယ်ပါကို နေရာပြန်ပေးသည့်အတွက် ဝေဖန်ခံနေရခြင်းကို ချယ်လ်ဆီးနည်းပြ ဆာရီကာကွယ်

ဖူလ်ဟမ်အသင်းနှင့် ပွဲတွင် ကယ်ပါကို နေရာပြန်ပေးသည့်အတွက် ဝေဖန်ခံနေရခြင်းကို ချယ်လ်ဆီးနည်းပြ ဆာရီကာကွယ်
Photos : AFP
Photos : AFP
Published 5 March 2019

ချယ်လ်ဆီးအသင်း၏ နည်းပြ ဖြစ်သူ မော်ရစ်ဇီယိုဆာရီသည် ဖူလ်ဟမ်အသင်းကိုအနိုင်ရရှိခဲ့သည့်ပွဲ၌ အသင်း၏ အဓိကဂိုးသမား ကယ်ပါအား ပွဲထွက်ခွင့်ပြန်ပေးခဲ့ခြင်းအတွက် ဝေဖန်ခံနေရခြင်းကို ကာကွယ်ပြော ဆိုမှုများပြုလုပ်ခဲ့သည်။

လူမှုကွန်ရက်မီဒီယာများတွင်သာမက နာမည်ကျော်နည်းပြဟောင်း များ၊ ကစားသမားဟောင်းများ၊ ဘော လုံးသုံးသပ်သူများက ယင်းအပေါ် ဝေဖန်လျက်ရှိပြီး မန်စီးတီးနှင့် လိဂ်ဖလားဗိုလ်လုပွဲတွင် လူစားလဲပေးရန် ငြင်းဆန်ခဲ့သည့် ကယ်ပါကို မိမိဆိုပါ က ပွဲအများကြီးခေါက်ထားမိလိမ့်မည် ဖြစ်ကြောင်း ပရီးမီးယားလိဂ်နည်းပြ ဟောင်း ဂရေမီဆောင်းနက်စ်က ဝေဖန်ခဲ့သည်။

ဆာရီကမူ ''မှန်တယ်။ ဒီကိစ္စက သူ့ကို ရာသီကုန်အထိ အရန်ခုံပေါ်မှာ ထိုင်ခိုင်းထားရမယ့် ကိစ္စမျိုးပါ။ ဒါပေမဲ့ ကယ်ပါက နားလည်လွယ်တဲ့ကစားသမားဖြစ်ပြီး သူ့အမှားကို သူသိပါတယ်။ ဒီအမှားအပြီး သူလုပ်ခဲ့တဲ့အ ပြုအမူတွေက သဘောကျစရာဖြစ်ပြီး ဒီနေ့ပွဲမှာ သူ့အမှားအပေါ် ပြန်လည်တု့ံပြန်ပုံကလည်း အရမ်းကောင်းပါ တယ်။ ကျွန်တော် သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်။ သူ အမှားလုပ်ခဲ့တယ်။ ဒါပေမဲ့ ဒီလောက်နဲ့ လုံ လောက်ပါပြီ''ဟု ဆိုခဲ့သည်။

ကယ်ပါသည် ဖူလ်ဟမ်းအသင်းနှင့်ပွဲတွင် ချယ်လ်ဆီးအသင်းကို အဖိုးတန် (၃)မှတ်ရရှိစေရန်အတွက် အ လွန်ကောင်းမွန်သည့် ကာကွယ်မှုအချို့ကို ပြုလုပ်နိုင်ခဲ့သည်။

Most Read

Most Recent