ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ဖိအားများကို အ ကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်သူ ဖြစ်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့သည်။
အားကစားအချက်အလက် များလေ့လာသည့် Scisports နှင့် ဘယ်လ်ဂျီယံသုတေသနတက္ကသိုလ် KU Leuven တို့သည် ဘောလုံးပွဲများ တွင် ဖိအား၏သက်ရောက်မှုကို လေ့လာဆန်းစစ်ကာ အဖြေထုတ်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့သည် ပွဲကစားချိန် မိနစ်ပေါင်း (၇,၀၀၀) အတွင်းမှ အ ချက်အလက်များကိုစုဆောင်းကာ ဖိအားများအပေါ် ကစားသမားများ၏တုံ့ပြန်မှုကိုလေ့လာခဲ့သည်။
ယင်းစစ်တမ်းအရ စီရော်နယ်လ်ဒိုမှာ ဖိအား များကိုကိုင်တွယ်ရာတွင် တုံ့ပြန်မှုအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
စီရော်နယ်လ်ဒိုသည် ဖိအားများသည့်အချိန်များနှင့် ပွဲကြီးများတွင် စွမ်းဆောင်ရည် မှာ ကျဆင်းသွားလေ့မရှိဘဲ ပုံမှန်အတိုင်း စွမ်းဆောင်နိုင်လေ့ရှိကြောင်းသိရသည်။
စီရော်နယ်လ်ဒိုကဲ့သို့ပင် မန် စီးတီးတိုက်စစ်မှူး အဂွဲရိုးမှာလည်း ဖိ အားများကို အကောင်းဆုံးကိုင်တွယ်နိုင်ပြီး ပွဲကြီးများတွင် ၎င်းသည် ပိုမိုမှန်ကန်သည့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်လေ့ရှိကြောင်း ယင်းစစ်တမ်းက ဖော်ပြခဲ့သည်။
PSG တိုက်စစ်ကစားသမား နေမာနှင့် ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်တို့မှာမူ ဖိအားများကို သိပ်မခံနိုင်ဘဲ ဖိအားများလာသည့်အချိန်များတွင် ဆုံးဖြတ်ချက်အမှားကို ချမှတ်တတ်ကာ ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ရတတ်ကြောင်း သိရသည်။