ဘွန်ဒစ်လီဂါပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်
Photo: Wikipedia
Photo: Wikipedia
Published 2 March 2019

ဘွန်ဒစ်လီဂါပွဲစဉ်(၂၄) ပွဲကြိုသုံးသပ်ချက်

ရှော်လ်ကေး နှင့် ဒစ်ဆယ်ဒေါ့ဖ် (စနေည ၉းဝ၀ နာရီ)

ရှော်လ်ကေးကတော့ (၅)ပွဲဆက်နိုင်ပွဲပျောက်ပြီး တန်းဆင်းဇုန်နား ကပ်လာနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုပွဲမျိုးကိုတော့ ရှော်လ်ကေး အနိုင်ကစားသင့်တယ်။

လေဗာကူဆင် နှင့် ဖရိုင်းဘတ် (စနေည ၉းဝ၀ နာရီ)

လေဗာကူဆင်အသင်း ဘွန်ဒစ်လီဂါတစ်ခုတည်းကိုပဲ အာရုံစိုက်ရတော့မှာပါ။ အိမ်ကွင်းမှာ ဂိုးပြတ်နိုင်ပွဲနဲ့ လေဗာကူဆင် နိုင်ပွဲပြန်ယူဖို့များတယ်။

ဖရန့်ဖတ် နှင့် ဟော်ဖန်ဟင်မ် (စနေည ၉းဝ၀ နာရီ)

ဖရန့်ဖတ်အသင်းက ဒီပွဲပြီးရင် ယူရိုပါလိဂ်ပွဲကျပ် ကစားဖို့ရှိနေတာ ထည့်တွက်ရမယ်။ ဟော်ဖန်ဟင်မ်ကိုရွေးချယ်တာ ပိုကောင်းမယ်။

ဟာသာဘာလင် နှင့် မိန့်ဇ် (စနေည ၉းဝ၀ နာရီ)

နှစ်သင်းစလုံးအတွက် အမှတ်သိပ်မလိုအပ်တဲ့ အခြေအနေပါ။ အိမ်ကွင်းနိုင်ပွဲပျောက်တာ ကြာနေပြီဖြစ်တဲ့ ဟာသာဘာလင် ရမှတ်ပြည့်ပြန်ယူဖို့ရှိတယ်။

နုရင်ဘတ် နှင့် လိုက်ပ်ဇစ် (စနေည ၉းဝ၀ နာရီ)

လိုက်ပ်ဇစ်က အမှတ်ပေးပွဲ အဝေးကွင်း(၃)ပွဲဆက် အနိုင်ကစားထားပါတယ်။ ဒါပေမဲ့ အိမ်ကွင်းမှာ ဂိုးပြတ်မရှုံးနိုင်တဲ့ နုရင်ဘတ်ပဲ ရွေးချင်တယ်။

မိုချန်ဂလာဘတ် နှင့် ဘိုင်ယန်မြူးနစ် (စနေည ၁၂းဝ၀ နာရီ)

မိုချန်ဂလာဘတ်အသင်း ဒီရာသီမှာ အိမ်ကွင်းရာနှုန်းပြည့်နိုင်ပွဲဆက်နေရာကနေ မထင်မှတ်ဘဲ နောက်ဆုံး(၂)ပွဲမှာ ဂိုး ပြတ်အရှုံးပေးထားရတယ်။ ဒါပေမဲ့ ပထမအကျော့ မြူးနစ်ကွင်းမှာ မိုချန်ဂလာဘတ် ဂိုးပြတ်အနိုင်ယူထားတဲ့အပြင် မိုချန်ရဲ့အိမ်ကွင်းကလည်း ဘိုင်ယန်အတွက် ခက်ခဲတဲ့ကွင်းတွေထဲမှာ တစ်ကွင်းအပါအဝင်ပါပဲ။ သော်ဂန်ဟာဇက်၊ ပလီယာ၊ စတင်ဒယ်လ် တို့ကစားတဲ့ မိုချန်တိုက်စစ်ပိုင်းက နောက်ဆုံး(၅)ပွဲဆက် ဂိုးပေါက်ပျောက်ထားပြီး ဒီတစ်ပွဲတော့ ဂိုးပေါက်ပြန်တွေ့နိုင်မလား စောင့်ကြည့်ရမယ်ထင်တယ်။ ဘိုင်ယန်အသင်း ဒေါ့မွန်ကို ဆက်လက်ဖိအားပေးဖို့ နိုင်ပွဲမဖြစ်မနေလိုပေမယ့် ဂိုးပြတ်သွင်းဖို့တော့ မလွယ်လောက်ပါဘူး။

Most Read

Most Recent